ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ရေပေါ်အမှတ်အသားနှင့် ကမ်းပေါ်အမှတ်အသားများကို လအလိုက် တပ်ဆင်ပေးလျက်ရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ သိရသည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက် – အရှေ့မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး နောက် (၄၈)နာရီအတွင်း မုတ္တမကွေ့နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) အလုပ်သမားများ၏ အရည်အသွေး ပြည့်ဝလာစေရန် နှင့် ကျွမ်းကျင်မှု ရှိလာစေရန် နည်းပညာ နှင့် သက်မွေး သင်တန်း ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပြီး ASEAN အဆင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက် လျက် ရှိကြောင်း နိုင်ငံတော်...
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်တိုင်အမှတ်(၂၃၆/၃)နှင့် (၂၃၆/၄)အကြားတွင် ခရီးသည်တင်ယာဉ် တစ်စီး အရှိန်လွန်၍ ဝဲဘက် (၁၀၀)ပေ ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုကြောင့် လူ၃ဦးသေဆုံးပြီး ၂၄ဦး ဒဏ်ရာရခဲ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) ထိုင်း နှင့် စကာၤပူ နိုင်ငံများ၌ မေလ အတွင်း ကျင်းပမည့် ထိုင်းတံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲ နှင့် အရှေ့တောင် အာရှ တာဝေး ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲများသို့မြန်မာ အားကစား အဖွဲ့ဝင်များ သွားရောက် ယှဉ်ပြိုင် သွားမည်...
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လေထုတိုင်းတာသော နေရာငါးခု၌ တိုင်းတာချက်များ အရ နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင်အောက်ဆိုက် ပါဝင်မှုသည် သတ်မှတ်စံနှုန်းထက် ပိုများနေကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းပုံစံသစ်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား အာဆီယံမှ ကူညီဆောင်ရွက်ပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) နိုင်ငံ့ဝန်ထမ်း တိုးမြှင့်သတ်မှတ် ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစားခွင့်ရှိမည် ဖြစ်ကြောင်း ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၁၈ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မြောက်ဦးမြို့နယ်၌ ငွေကျပ် သိန်း ၁၄,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။