Connect with us

Sport

၂၀၂၀ အိုလံပစ် ခြေစစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲအတွက် အုပ်စုများမဲခွဲပွဲ အခမ်းအနားသြဂုတ်လ ၂ ရက်နေ့တွင်ကျင်းပမည်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ် ခြေစစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲအတွက် အုပ်စုများမဲခွဲပွဲ အခမ်းအနားကို လာမည့် သြဂုတ်လ ၂ ရက်နေ့ နံနက် (၁၁း၀၀)နာရီတွင် အာရှဘောလုံး အဖွဲ့ချုပ် (AFC) ရုံးချုပ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

AFC အနေဖြင့် ပြိုင်ပွဲဝင် အသင်းများ၏ အဆင့် ရပ်တည်မှုများအရ ပထမအဆင့်တွင် မြန်မာအသင်း အပါအဝင် အသင်း ၁၉ သင်းအား လာမည့် ၂၀၁၈ နိုဝင်ဘာ ၄ မှ ၁၃ ရက်နေ့အထိ ဦးစွာယှဉ်ပြိုင် ကစားစေမည် ဖြစ်သည်။

ဒုတိယ အဆင့်ခြေစစ်ပွဲကို ပထမအဆင့်မှ ထိပ်ဆုံး ၁၀ သင်းကို အာရှအဆင့် ၆ နှင့် ၇ (ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်) နှစ်သင်းဖြင့်ပေါင်း၍ စုစုပေါင်း ၁၂ သင်းဖြင့် ၂၀၁၉ ဧပြီ ၁ မှ ၉ အထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်းနောက် တတိယအဆင့် ခြေစစ်ပွဲကို ဆီဒင်အဆင့် ၁ မှ ၅ အထိ (သြစတြေးလျ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ထိုင်း)တို့နှင့်အတူ ဒုတိယအဆင့်မှ အနိုင်ရလာသည့် အသင်း ၃ သင်းဖြင့်ပေါင်းကာ စုစုပေါင်း အသင်း(၈)သင်းဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ တတိယအဆင့် ခြေစစ်ပွဲများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ/ဖေဖော်ဝါရီတို့တွင် ကျင်းပသွားမည်ဖြစ်သည်။

ယင်းနောက် တတိယအဆင့်မှ အနိုင်ရလာသည့် အသင်း ၄ သင်းသည် Play Off ပွဲစဉ်များအဖြစ် ၂၀၂၀ ခုနှစ်မတ်လ အတွင်း အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ ကစားရမည်ဖြစ်ကာ အနိုင်ရရှိသည့် အသင်း ၂ သင်းသာ ၂၀၂၀ အိုလံပစ် အမျိုးသမီး ဘောလုံးပွဲစဉ်များသို့ တက်ရောက် ကစားခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.