ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ် ပါရှိသူ ၂၂ ဦး အနက် ၂ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) လာမည့် ၂၀၂၀ ခုနှစ် အထည်ချုပ် ကဏ္ဍတွင် အလုပ်သမား ၁ သန်း မှ ၁.၅ သန်းထိ အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း များ ပေါ်ပေါက် လာမည်ဟု ခန့်မှန်းထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂,၃၉၈ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖေဇီကျေးရွာအနီး တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၆ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလ တို့တွင်ဖြစ်နိုင်ခြေရှိသည့် မြစ်ရေခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၃၂)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေးတက်ရောက် စဉ် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို လာမည့် မေလ နောက်ဆုံး ရက်သတ္တပတ်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ယနေ့ ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် (၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့ ၏ မြောက်ဘက် (၁၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၃၆ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ...
နေပြည်တော်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ယခင်လများ၌ပြည်ပနိုင်ငံများမှ လူကုန်ကူးခံရသူများကိုသာ ပြန်လည် လက်ခံခဲ့ရသော်လည်း လက်ရှိအခြေအနေတွင် ပြည်တွင်း၌လည်း လူကုန်ကူးခံရခြင်းများ ပေါ်ပေါက်နေသဖြင့် ပြည်တွင်း လူကုန်ကူးမှုများကိုလည်း အလေးပေး ဖြေရှင်း ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ယနေ့ ပြောကြားခဲ့သည်။