Connect with us

Politics, Law & Military

သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူပေးရန် တိုင်တန်းသူနှင့် ပူးပေါင်းသူ နှစ်ဦးအား လီဆယ်တိုင်တန်းမှုဖြင့် အရေးယူမည်

မုဒိမ်းမှုဖြင့် အရေးယူပေးရန် လီဆယ်တိုင်တန်းသူနှင့် ပူးပေါင်းသူ နှစ်ဦးအားတွေ့ရစဉ်(Yangon Police)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းသူနှင့် ပူးပေါင်းသူ နှစ်ဦးကို

လီဆယ်တိုင်တန်းသဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် ၎င်းအိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုဖြင့် အရေးယူ ပေးရန် တိုင်တန်းသည့် အမှုနှင့်စပ်လျဉ်း၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်းဖော်

ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ရာ တိုင်တန်းသည့် အမှုမှာ မှန်ကန်မှု မရှိကြောင်း သိရသည်။

အထူးအမှုစစ်အဖွဲ့မှ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား သက်သေများနှင့်အတူ စစ်ဆေး ဆောင်ရွက်ခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်မှာ လွန်ခဲ့သော (၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် မိသားစုစားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ရန် ဒေါ်ညိုနှင့်

ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိမ်အကူလုပ်၍ အိမ်ရှင်ယောက်ျားများအား မိန်းမမူယာမာယာဖြင့် မြှူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါကငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၎င်းက တာဝန် ယူဆောင်ရွက်မည်

ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်သည် လွန်ခဲ့သော (၄)နှစ်ခန့်က ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် အိမ်အကူပြုလုပ်ပြီး နေရာ ၆ကြိမ်တိုင်ပြောင်းရွှေ့ကာ မြှူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန် ကြံစည်ခဲ့ဖူးကြောင်း၊ အဆိုပါ ကြံစည်မှုများတွင် အိမ်ရှင်အချို့ကို အမှုဖွင့်တိုင်ကြားထားမှုများလည်း ရှိကြောင်း သိရသည်။

အဆိုပါ တရားလိုမခင်မာမြင့်အား အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို(၆၅)နှစ်အား

စစ်ဆေးခဲ့ရာ သီဟတင်စိုးမှ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား သားမယားပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းက ဈေးစကားပြောမည်ဖြစ်ကြောင်း၊ သီဟတင်စိုး၏

ဇနီး ဇင်မာဦး အား နစ်နာမှုအတွက် ငွေကျပ်သိန်း(၁၀၀)ပေးပါကကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာခြင်းမရှိသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် ဇနီးဖြစ်သူ၏ အသက်(၇၅)နှစ်အရွယ် မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ

ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ရာ ဇူလိုင် ၁၃ရက် ည ၈ နာရီအချိန်ခန့်တွင် သီဟတင်စိုးမှ ဇနီးသည် အပြင်သို့သွားရောက်နေစဉ် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး

ခင်မာမြင့်အား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရသုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.