Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့တို့ တွေ့ဆုံစဉ်(နိုင်ငံခြားရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံးသို့ ရောက်ရှိပြီး အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန် ခေါင်းဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့၏ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားရာတွင် ၂၀၁၈ ခုနှစ်အတွက် အာဆီယံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့များဆိုင်ရာ ကွန်ရက်(ASEAN-ISIS)၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုများ၊ အရှေ့အာရှ ပညာရှင်များ ဆိုင်ရာကွန်ရက် Network of East Asia Think Tanks (NEAT)၏ ၂၀၁၈ ခုနှစ် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုများ၊ အဖွဲ့၏ အနာဂတ်မျှော်မှန်းချက်နှင့် နိုင်ငံတော်နှင့်ပြည်သူအတွက် အကြံပြုချက်များဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေ းလိုသည့် ကိစ္စများနှင့်စပ်လျဉ်း၍ အဆိုပါ အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန် ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ပြန်လည် ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားကြောင်း၊အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ တို့ တက်ရောက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.