ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့မြောက်ဘက် လေးမိုင်ခန့်အကွာ ကြာကြီးကွင်းရွာတောင်ဘက်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မတ် ၂၇ ရက်နေ့က ၂၂ ဘီး ဆီဘောက်ဆာတွဲယာဉ် တစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဧပြီလ ပထမ(၁၀)ရက်ပတ်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့ ၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀.၀၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၄ ဒီဂရီ၊ အနက်(၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန...
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ ဦးပိန်တံတားပေါ်တွင် ဈေးရောင်းချနေသော ဆိုင် ၆၁ဆိုင် ကို မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ မတ် ၂၆ ရက်နေ့တွင် စတင် ဖယ်ရှားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အတွင်းရှိ ကိုင်းကြီးကျေးရွာရှိ ကိုင်းကြီးဆည်သည် ၈၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း ကမ်းကပ်ထားသော ငါးဖမ်းသင်္ဘော မီးလောင်မှုကြောင့် ကျပ်သိန်း ၃၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဘရူနိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် ဧပြီလ (၂၁)ရက်နေ့မှ မေလ (၆)ရက်နေ့အထိ ကျင်းပမည့် HASSANAL BOLKIAH TROPHY FOR ASEAN YOUTH FOOTBALL TOURNAMENT 2018 ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ယူ၂၁ အသင်းသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ...
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဖားကန့်မြို့နယ်၌ မြေသားပြိုကျမှုကြောင့် ဒီဇယ်လှောင်ကန် ၄ ခုနှင့်အလုပ်ရုံ တဲ ၁ လုံးပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ စက်လှေ ၂ စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးသည့်အခါ ဖြစ်သင့် ဖြစ်ထိုက်သည်များကို အရှည်မျှော်တွေး ညှိနှိုင်းကြခြင်းက ပိုပြီး လက်တွေ့ဆန်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယနေ့ ကျင်းပသည့် (၇၃)ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။