ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ကျောက်တောင်စောင်းပြိုကျ၍ ၂ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၌ ပေါက်ကွဲစေတတ်သောပစ္စည်းပြုလာရာတွင် အသုံးပြုနိုင်သည့် အမိုနီယမ်နိုက်ထရိတ် ၁၉၀ အိတ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွက်ညိုတောင် ကျေးရွာအနီး နတ်မြစ်အတွင်း၌ ငွေကျပ်သိန်းပေါင်း ၁၉ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) တည်ဆောက်ဆဲသင်္ဘောအား ဝရိန်ဆော်စဉ် မီးများပွင့်ထွက်ရာမှပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးပြီး လူအများဒဏ်ရာရရှိကြောင်း၊ ထိုပေါက်ကွဲမှု နှင့် ပတ်သက်၍ အမှုဖွင့် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို မတ် ၂၄ ရက် မှ ၂၅ ရက် အထိ ပြုလုပ် သွားရန် လျာထား ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ တွင် ရန်ကုန် ယူနန်အသင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၌ ရှေးဟောင်းသင်္ချိုင်း ၁ ခု တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်သစ်ခွဲသား ၄၁.၅၅၄ဝ တန် ဖမ်းဆီးရမိခဲ့ပြီး ထိုဖမ်းဆီးရမှုသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာရေးနှစ်အတွင်း၌ တန်ချိန် အများဆုံး ဖမ်းဆီးရမိမှုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ် နိုးကြား ရှင်သန်နေအောင် အသက်တမျှ တန်ဖိုးထားပြီး ထိန်းသိမ်း မွေးမြူကြဖို့အလွန်အရေးကြီးကြောင်း ယနေ့ကျရောက်သော (၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့နိုင်ငံတော် သမ္မတက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြ ပါရှိသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့လက်ရာပွဲတော်ကို ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဥယျာဉ်အတွင်း သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။