Connect with us

Politics, Law & Military

မြောက်ဦးမြို့နယ်၌ ကျပ်သိန်း ၁ သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

မြောက်ဦးမြို့ နယ်၌ ဖမ်းဆီး ရမိခဲ့သည့် စိတ်ကြွရူးသွပ် ဆေးပြားများအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

မြောက်ဦးမြို့နယ်၌ ငွေကျပ် သိန်း ၁၄,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

မေယု(၂)စစ်ဆင်ရေးအရ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၇ ရက်တွင် ရန်ကုန်-စစ်တွေသွားကားလမ်း၊ မြောင်းဘွေ တံတားထိပ်၌ မောင်းနှင်လာသည့် COROLLA FIELDER မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်၏ ဆိုဖာ ထိုင်ခုံ အောက်နှင့် နောက်ကျောမှီ အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၅,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ထိုကြောင့် ယာဉ်တွင် မောင်းနှင်လိုက်ပါလာသူ ၂ ဦးအား မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ အရ အရေးယူ ထားကြောင်း သိရသည်။(Xinhua)