ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ဆောင်ရွက်နေသော လုပ်ငန်းများအရေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby တို့ ယနေ့တွေ့ဆုံ ဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ငဖဲမြို့နယ်၌ ပိုင်ရှင်မဲ့ ဘိန်းစိုက်ခင်းတို့အားဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်း လက်စွဲစာအုပ် (၂၀၁၈) ဖြစ်မြောက်ရေး ဆွေးနွေးပွဲကို နေပြည် တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးရုံးတွင် ယနေ့နံနက် ပိုင်း ပြုလုပ်ခဲ့ရာ အဆိုပါ စာအုပ်မှာ ဝန်ကြီးဌာန...
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်ရှိ ကျေးရွာပေါင်း ၂၆ ရွာတွင် နေထိုင်ခဲ့ သည့် အိမ်ထောင်စု ၇၉၈ စု၊ လူဦးရေ ၃၅၁ဝ အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့က နေအိမ် ၇၉၈ လုံး ဆောက်လုပ်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန...
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်မှုရှိနိုင်သော နေရာများအဖြစ် သတ်မှတ်ထားကြောင်း အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွန်ရက်က ပြုလုပ်သော ငှက်ဖျား ရောဂါ ရက်သတ္တပတ်လှုပ်ရှားမှု အစည်း အဝေးတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး...
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် ဖြေလျှော့ပေးနိုင်ရန် Yangon Water Bus ကို ပြေးဆွဲခဲ့ပြီး ရုံးပိတ်ရက်နှင့် နေ့ကြီး၊ ရက်ကြီးတို့တွင် စီးနင်း သူများပြားသောကြောင့် စင်းရေတိုးမြှင့် ပြေးဆွဲသည့်အနေဖြင့် ရေယာဉ်အသစ်ငါးစင်း ရောက်ရှိပြီဖြစ်၍ ရေယာဉ်စစ်ဆေးမှုပြီးစီးပါက ပြေးဆွဲမည့် အစီအစဉ်ကို...
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ပိုင်ရှင်မဲ့ မိုးစပါးများရိတ်သိမ်းရာ၌ အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ ၃၅၈ဝ ဒသမ ၉၆ ဧကကို ရိတ်သိမ်းပေးပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) မြဝတီမြို့နယ်၌ လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့တောင် ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည် ရှိနေပြီး၊ နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတွင် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။