Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သက်တမ်းကာလအတွင်း အမှုတွဲပေါင်း ၁၂၄၁ ခုဖြေရှင်းဆောင်ရွက်ပြီးဖြစ်

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မှမေးမြန်းပြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးမှဖြေကြားစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူခဲ့သည့်နေ့မှ ဖြေရှင်းဆောင်ရွက်ပြီးအမှုတွဲပေါင်း ၁၂၄၁ ခု၊ ကျန်အမှုတွဲပေါင်း ၉၉၆ ခုနှင့် တစ်လလျှင် ပျမ်းမျှ အစောင်ရေ(၁၀၀)ရှိပါကြောင်း၊ ပြည်သူများ၏ တိုင်ကြားစာများအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအား အရေးယူဆောင်ရွက်ခဲ့သည့် အရေအတွက်မှာ (၇)ခု ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တွင် ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများအပေါ် ပြည်သူများ မကျေနပ်ချက်များရှိပါက ကိုယ်တိုင်လွယ်ကူစွာ တိုင်ကြားခွင့်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့လွယ်ကူထိရောက်စွာ တိုင်ကြားနိုင်ရေး စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တာဝန်ယူခဲ့သည့် ယနေ့အချိန်ထိ ပြည်သူများထံမှ မကျေနပ်ချက် တိုင်ကြားစာများ စောင်ရေမည်မျှ လက်ခံရရှိခဲ့ကြောင်းနှင့် ဖြေရှင်းဆောင်ရွက်ပြီးသော တိုင်ကြားချက်များ မည်မျှ ရှိသည်ကို သိရှိလိုပါကြောင်း၊ ပြည်သူများ၏ တိုင်ကြားစာများအပေါ် သက်ဆိုင်သည့် ဌာနဆိုင်ရာပုဂ္ဂိုလ်များအား အရေးယူ ဆောင်ရွက်ခဲ့ခြင်းများရှိပါက အရေအတွက် မည်မျှရှိခဲ့ကြောင်း မေးခွန်းအား အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများမှ မကျေနပ်ချက်များကို လွယ်လင့်တကူ တိုင်ကြားနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝင်စာမှတ်ပုံတင်ဌာန (Online Service Center) တွင် မိမိသက်ဆိုင်ရာစာများ၏ ဝင်စာမှတ်ပုံတင်များ စုံစမ်းရယူနိုင်သည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်လည်း စုံစမ်းရန် ကောင်တာ ဖွင့်လှစ်ထားပါကြောင်း၊ ပြည်သူလူထုများမှ သိရှိလိုသည်များကို လွယ်လင့်တကူ စုံစမ်းနိုင်ရေးအတွက် ရုံးဖွင့်ရက် ရုံးချိန်များတွင် ဝန်ထမ်း(၂)ဦး တာဝန်ချထားပေးလျက်ရှိရာ ပြည်သူလူထုများ အလွယ်တကူ ဝင်ထွက်၍ တိုင်ကြားစာများ ပေးပို့နိုင်ခြင်း၊ သိရှိလိုသည်များ စုံစမ်းနိုင်ခြင်းဆောင်ရွက်နိုင်ပါကြောင်း၊’’ ပြောသည်။လယ်ယာမြေသိမ်းဆည်းခြင်းနှင့်ပတ်သက်၍ သောင်းတစ်ထောင်ကျော် ရှိသည်ဆိုသည်မှာ တိုင်ကြားစာများမဟုတ်ဘဲ အမှုတွဲများဖြစ်ကြောင်း၊ တိုင်ကြားစာအနေဖြင့် မြေယာအမှုအခင်းပေါင်း (၈၉၁)စောင်ရှိပြီး ဖြေရှင်းပြီး(၁၄၆)၊ ကျန်(၇၄၅) ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.