Connect with us

Politics, Law & Military

ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဒေသခံများအား တာဝန်ရှိသူများ သွားရောက်တွေ့ဆုံဆွေးနွေး

ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဒေသခံများနှင့် တာဝန်ရှိသူများတွေ့ဆုံစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

နေရပ်စွန့်ခွာ၍ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ရန်အတွက် ဂေါ်ဒူသာရကျေးရွာအုပ်စု မှိုဝင်ချောင်းဝအနီး ပင်လယ်ကမ်းခြေ၌ ယာယီနေထိုင် လျက်ရှိသော ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဒေသခံများအား မောင်တောခရိုင်မှ တာဝန်ရှိသူများ မတ်လ ၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

မောင်တောခရိုင်အတွင်းမှ တာဝန်ရှိသူများအား ထွက်ပြေးတိမ်းရှောင်ရသည့် အကြောင်းအရင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာရသည့်ရည်ရွယ်ချက်၊ တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက် များ နှင့်ပတ်သက်၍ သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။

ယင်းတို့ကို တွေ့ဆုံမေးမြန်းရာတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျးရွာ ၁၅ ရွာနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတို့မှ အမျိုးသား၃၁၉ ဦး၊ အမျိုးသမီး ၃၄၇ ဦး စုစုပေါင်း ၆၆၆ ဦးတို့သည် ယင်းနေရာတွင် ကနဦး ယာယီ နေထိုင်ခဲ့ကြ ကြောင်း၊ ၎င်းတို့အနက် အမျိုးသား ၁၀၀၊ အမျိုးသမီး ၁၁၀ တို့မှာ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ခွာသွားခဲ့ကြပြီး အမျိုးသား ၂၁၉ ဦး၊ အမျိုးသမီး ၂၃၇ ဦး စုစုပေါင်း ၄၅၆ ဦးတို့မှာ ကျန်ရှိနေပြီး ဆက်လက်နေထိုင် လျက်ရှိကြောင်း၊ ထို့ပြင် အလုပ် အကိုင်ရှားပါးလာခြင်း၊ စားဝတ် နေရေးအခက်အခဲ ဖြစ်ပေါ်ခြင်း၊ ARSA အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှု ခံရခြင်း၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေကြသည့် ဆွေမျိုး သားချင်း များက ခေါ်ယူခြင်း အစရှိသည်တို့ကြောင့် တစ်ဖက်နိုင်ငံသို့ သွားရောက် လိုခြင်း ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများရှိပါက တိုင်းရင်းသားများ ဖြစ်ခဲ့သော် လည်း ကောင်း၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ခဲ့ လျှင်သော် လည်းကောင်း ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူဆောင် ရွက် သွားမည်ဖြစ်ကြောင်း၊ စားနပ် ရိက္ခာ လိုအပ်ချက်နှင့် ပတ်သက်၍ NGO အဖွဲ့အစည်းများအား ကျေးရွာများသို့ အပတ်စဉ် သို့မဟုတ် လစဉ် သွားရောက်ထောက်ပံ့နိုင်ရန်အတွက် ခွင့်ပြုပေးထား ကြောင်း၊ လက်ရှိ လည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ထောက်ပံ့ ပေးရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

လုံခြုံရေးဆိုင်ရာ အထောက်အပံ့များ လိုအပ်ချက်ရှိမည်ဆိုပါက သက်ဆိုင် ရာ အဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ အလုပ် အကိုင်အခွင့် အလမ်းနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် အလုပ်လုပ် ကိုင်လိုသည့် အလုပ်သမား သို့မဟုတ် နေ့စား သို့မဟုတ် မိမိလုပ်ငန်းခွင် ရှိရာသို့ သွားရောက်ရန် အကန့်အသတ် များမရှိစေရန်အတွက် သီးခြားထောက်ခံ ချက်များ ပြုလုပ်ပေးပြီး သွားလာခွင့် များပေးကာ အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ၎င်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ အစ္စလမ်ဘာသာဝင် ရပ်မိရပ်ဖများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများက ၎င်းတို့ဘာသာဖြင့် ဘာသာပြန် ဆို၍ အပြန် အလှန် ပြောဆိုဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ကိုယ်ပိုင်ပစ္စည်းများကို မိမိတို့သဘောဆန္ဒအရ ရောင်းချပြီး မူလကျေးရွာများတွင် နေထိုင်လိုခြင်းမရှိတော့သည့်အတွက် နေရပ်စွန့်ခွာ ကာ ဆွေမျိုးများရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မိမိတို့သဘောဆန္ဒအလျောက် ထွက်ခွာလိုခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့ကြကြောင်း သတင်း ရရှိသည်။(Xinhua)