ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအား စီးတီး တက္ကစီ မှတ်ပုံတင်ခြင်း ၊ သက်တမ်း တိုးခြင်း လုပ်ငန်းများကို သတ်မှတ် ကာလ အတွင်း လာရောက် ဆောင်ရွက်ခြင်း မရှိသည့် စီးတီး တက္ကစီယာဉ်များအား လုပ်ငန်း လိုင်စင်...
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဝန်ကြီးများနှင့် တနင်္လာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး တို့ကို ဇန်နဝါရီ ၂၉ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန်ချက် အရသိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) တွံတေးမြို့နယ် မြောင်းတလုပ်ကျေးရွာ၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၀၇ ရွက်အား ဇန်နဝါရီ ၂၈ ရက်တွင် ဖမ်းဆီး ရမိခဲ့ပြီး ငွေစက္ကူအတုများ ဝင်ရောက်လာသည့် လမ်းကြောင်းအား စိစစ်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား လိုအပ်မှုများအတွက် ဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တိုးတက် ကောင်းမွန်ရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်တွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသော အခက်အခဲများကို ရှာဖွေစိစစ်၍ ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ညောင်ဦးမြို့နယ်၊ ပလင်းကျေးရွာ အနီး၊ ဧရာဝတီ မြစ်ကမ်းပါးဘေးတွင် ပလင်းကမ်းသာယာ ဆင်စခန်း ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ ဧရာဝတီတံတား (မလွန်)ပေါ်၌ ယာဉ်တိုက်မှုကြောင့် လူ ၁ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပထမအသုတ်အဖြစ် တင်ပို့ ရောင်းချ ထားပြီးဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြေပုံမြို့ နှင့် မင်းပြားမြို့ကို ဆက်သွယ်မည့် ကြပ်စင်မြစ်ကူးတံတား တည်ဆောက်မှုသည် ၆၅ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၆၉% အထိ ရှိနေပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ- မတ်လ- ဧပြီလတွင် ၅၀%၊ ၂၀၁၈ခုနှစ်၊ မတ်လ- ဧပြီလ- မေလတွင် ၃၀% သို့ ပြန်လည်လျော့ကျလာနိုင်ပြီး၊ ပုံမှန်ဖြစ်မြဲအခြေအနေသို့...