Connect with us

Culture & Entertainment

ပုဂံဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ မြန်မာ-ဂျာမနီ နှစ်နိုင်ငံ အကြား လက်မှတ် ရေးထိုး

ပုဂံဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာအား လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာအား ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရနှင့် ဂျာမနီ ဖက်ဒရယ် သမ္မတနိုင်ငံ အစိုးရတို့အကြား လက်မှတ် ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုနားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် သြဂုတ်လ (၂၄) ရက် နေ့က ပြင်းအား (၆ဒသမ၈) မက်ဂနီကျူ့ လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် ပုဂံ ဒေသရှိ ဘုရားပေါင်း (၃၈၉) ဆူပျက်စီးခဲ့သည့်အနက် ဂျာမနီနိုင်ငံက နန်းဘုရားကာကွယ် ထိန်းသိမ်းခြင်း (စီမံကိန်း ၁)နှင့် ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသမှ နရသီဟပတေ့ ဘုရားရှိ နံရံဆေးရေး ပန်းချီများအား ရေရှည်တည် တံ့စေရန် အတွက် ထိန်းသိမ်းရေး သင်တန်း (စီမံကိန်း ၂) တို့ကို အကောင် အထည်ဖော်ဆောင် ရွက်ရန် နည်းပညာအကူအညီများ ထောက်ပံ့ ပေးခြင်းဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် အနုလက်ရာများအား မူလပုံစံ အတိုင်း ပြုပြင်ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ဂျာမနီနှစ်နိုင်ငံအကြား ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေး ထိုးပွဲ အခမ်းအနားအား ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အသိသက်သေအဖြစ် တက်ရောက်၍ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံကိုယ်စား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက လည်းကောင်း၊ ဂျာမနီ နိုင်ငံကိုယ်စား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E.Mrs Dorothee Jantgke Wergel ကလည်း ကောင်း လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.