ရန်ကုန် သြဂုတ် ၁၆ရက် (ဆင်ဟွာ) ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို အမျိုးသားခြင်းလုံး အားကစားကရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ ဘောလုံး အသင်းသည် လာအို ယူ-၂၂ ဘောလုံးအသင်းအား သုံးဂိုးတစ်ဂိုးရလဒ်ဖြင့် အနိုင်ရှိခဲ့သည်။
ရန်ကုန် သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါ လက္ခဏာဖြင့် ပြသသူ ၆၈၇ ဦးရှိပြီး Influenza A(H1N1)pdm09 ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၂၆၂ ဦးရှိပြီး သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ်...
နေပြည်တော်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းတို့ ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရေး မဟာဗျူဟာ ရည်မှန်းချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်တွင် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန ဟူသည့် ဦးစီးဌာန...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်မြို့နယ်အတွင်း ကျေးရွာအခြေပြုခရီးသွား လုပ်ငန်း များကို လာမည့်ပွင့်လင်းရာသီတွင် အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်မှုသည် ယခုနှစ် ခုနှစ်လတာအတွင်း ၂၀ရာခိုင်နှုန်း တိုးတက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၅-၈-၂၀၁၇ ရက်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေ မြင့်တက်နေသည့်အတွက် ဗန်းမော်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တောင်ကျရေစီးကျမှုကြောင့် ပိတ်ဆို့နေသော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-မန်တပ် ရွှေလီရေအား လျှပ်စစ်စီမံကိန်းလမ်းမကြီးသည် ယခု မော်တော်ယာဉ်များပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။