ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့မြောက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေသော မူဆယ်ခရိုင် မုံးကိုးမြို့မှ စစ်ဘေးရှောင်ဒေသခံ ၉၀၀ ကျော် ပြန်လည်ဝင်ရောက်လာကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ကော့မှူးမြို့နယ်၊ တိုးမြစ်အတွင်း ဝဲကြီးကွေ့အနီး၌ ပုသိမ်သူ ရန်ကုန်-မော်ကျွန်း-ပုသိမ် ခရီးသည်တင် ရှပ်ပြေးရေယာဉ်နှင့် ချမ်းမြေ့ထွန်း ကုန်တင်ရေယာဉ်တို့ ဒီဇင်ဘာ ၁၉ ရက် ညပိုင်း အချိန်တွင် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပါအဝင် ရေရှည်ဖြေရှင်းချက်များ အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒီုးနားဟိုတယ်၌ ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) မူးယစ်ဆေးစွဲ ဝေဒနာရှင်အား ကုသရာတွင် လက်ရှိ အသုံးပြုနေသည့် မက်သာဒုန်းဆေးအစား တိုင်းရင်း ဆေးဝါး အခြေခံသည့် မူးယစ်ဖြတ်ဆေးများကို အစားထိုး အသုံးပြုနိုင်ရန် သုတေသန လုပ်ငန်းများ အမြန် စတင် မည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် နိုဝင်ဘာလ အတွင်း ပြည်တွင်း အလုပ်အကိုင် ရရှိမှုမှာ ၁၉၂၀၄ နေရာအား ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှ တစ်ဆင့် ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၁၅ ရက် အထိ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၂၂၉၈၂ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှု ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နှင့် တာချီလိတ်မြို့တို့၌ လက်နက်၊ ခဲယမ်းများနှင့် ငွေကျပ်သိန်း ၆၇,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကွန်ဟိန်းမြို့မရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်နေ့(ဆင်ဟွာ) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ KIA၏ အမာခံတပ်စခန်းများဖြစ်သော ဂီဒုန်နှင့် လိပ်ပြာကုန်း စခန်းများကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက် သေဆုံးဒဏ်ရာရရှိမှု များပြားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ကျောက်မဲမြို့ရပ်ကွက်(၈ )ကျောက်မဲ-မိုင်းငေါ့သွားကားလမ်းရှိ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အနောက်ဖက်၌ ဒီဇင်ဘာ ၁၇ရက်နေ့ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။