ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ တို့ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ တရားဝင် ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) မောင်တောနှင့် ဘူးသီးတောင် ဒေသတို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည် တာဝန်ထမ်း ဆောင်နိုင်ရေးနှင့် နေရပ်မှ ခေတ္တ စွန့်ခွာလာသူများ နေရပ်သို့ အေးချမ်း လုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉...
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ငါးခူရ ရဲစခန်းအား အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ ၁၁ဦးအား ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) နေပြည်တော်၌ တည်ဆောက် နေသော ရေအရည်အသွေး ဆန်းစစ်သည့် ဓာတ်ခွဲခန်းတွင် လိုအပ်သော စက်ပစ္စည်း များကို အောက်တိုဘာလ အတွင်း အပြီးတပ်ဆင် သွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အောက်တိုဘာ ၁၈ ရက်က လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ် ၌ ဒီရေတော ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် ထိန်းသိမ်းရေး အဖွဲ့သုံးဖွဲ့ကို ရွေးချယ်ခဲ့ပြီး ယခုနှစ်အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း အနာဂတ် ဒီရေတောများ အဖွဲ့ (MFF)...
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ယနေ့ နံနက်ပိုင်းတွင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက်ရှ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ်ရေးထိုးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) NCA စာချုပ်တွင် လက်မှတ်ရေး ထိုးထားခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ်ရေးထိုးနိုင်ရန်အတွက် စတုတ္ထအကြိမ် နိုင် ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC)တွင်...
ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ဈေးကွက်ရှိ ဆေးဝါးများကို ပုံမှန် စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဘူးပေါ်တွင် ဖော်ပြချက်အရ Danion Co.,Ltd. Samuthprakarnထုတ် မြန်မာနိုင်ငံတွင် ဆေးဝါး မှတ်ပုံတင်မရှိသော Quinine S Tablet (Quinine Sulfate 300mg) ဆေးဝါးသည် ဆေးဝါးအတု ဖြစ်ကြောင်း...