Connect with us

Politics, Law & Military

တိုက်ပွဲများကြောင့် နမ့်ဆန်မြို့နယ်အတွင်းရှိ ဒေသခံ ၁၉၆ဦး ပြောင်းရွှေ့နေထိုင်နေရ

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီအမှတ်တံဆိပ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၉၆ဦး ပြောင်းရွှေ့နေထိုင်နေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၁ နာရီခွဲမှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နမ့်ဆန်မြို့ပေါ်ရှိ ပြည်သူ များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများသည် တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြ သောကြောင့် အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်နေရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နမ့်ဆန်မြို့နယ်အတွင်းမှ ဒေသခံများသည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော ဇန်နဝါရီ ၁၀ ရက်မှ ဇန်နဝါရီ ၁၆ ရက် ညနေ ၄ နာရီခွဲအထိ လာရှိုး၊ သီပေါ၊ ကျောက်မဲ၊ မန္တလေးမြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိရာ မြို့နယ်ရပ်ကွက်တွင် အိမ်ထောင်စု (၁၇)စု၊ အမျိုးသား (၂၀)၊ အမျိုးသမီး (၃၄) ဦး စုစုပေါင်း (၅၄) ဦး၊ မင်္ဂလာရပ်ကွက်တွင် အိမ်ထောင်စု (၂၀)၊ အမျိုးသား (၂၇)၊ အမျိုးသမီး (၃၉) စုစုပေါင်း (၆၆)၊ နမ္မဝေါရပ်ကွက်တွင် အိမ်ထောင်စု (၃၃)၊ အမျိုးသား (၆၁)၊ အမျိုးသမီး (၄၅) စုစုပေါင်း (၁၀၆)၊ မန်ခိုက်ရပ်ကွက်တွင် အိမ်ထောင်စု (၁၂)၊ အမျိုးသား (၁၆)၊ အမျိုးသမီး (၂၈) စုစုပေါင်း (၄၄)၊ မိုးဂဲလ်ရပ်ကွက်တွင် အိမ်ထောင်စု (၄)၊ အမျိုးသား (၆)၊ အမျိုးသမီး (၄) စုစုပေါင်း (၁၀)၊ ဇယန်းကြီး ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၅၇)၊ အမျိုးသား (၆၆)၊ အမျိုးသမီး (၁၂၀) စုစုပေါင်း (၁၉၆) ဦး ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.