နေပြည်တော် ၊ သြဂုတ် ၃၀ (ဆင်ဟွာ) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရက် (၁၀၀) စီမံချက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု နှင့် ပတ်သက်၍ ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် နှင့် ဦးမြင့်ကြိုင်တို့ မှ ယနေ့မီဒီယာ နှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံတော် ပညာတော်သင် ဖောင်ဒေးရှင်း ကော်မတီ မှ မြန်မာ နိုင်ငံ ကဏ္ဍအသီးသီး မှ ကျောင်းသား/သူ ၁၀၈ ဦး အား တရုတ် နိုင်ငံ သို့သွားရောက် ပညာတော်သင်ရန် ထပ်မံရွေးချယ် ခဲ့ပြီး...
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော် ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) နိုင်ငံ့ ဝန်ထမ်းမဟုတ်သော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား လစဉ်ချီးမြှင့်ငွေ မပေးဘဲ ရွေးကောက်ပွဲ ရှိသည့် ကာလ ကိုးလအတွက်သာ ချီးမြှင့်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သဘောထား အတိုင်း ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးမြို့၌ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၂၉ ရက် နံနက်ပိုင်း အချိန်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်ပေါ် ပြိုကျ၍ နေအိမ်ရှိ လူ ၁ ဦး သေဆုံးကာ ၁...
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ယနေ့နံနက် ၈နာရီတွင် ပခုက္ကူမြို့နယ်ရှိ ကမ္မမြို့ အမှတ် (၂) ရပ်ကွက်နေ ဦးမျိုးဝင်း(ဘ)ဦးထွန်းရွှေ နေထိုင်သော ခြံဝင်းအတွင်း ကျောက်ခွက်-လက်ပံတိုရေနံမြေမှ အရာတော် ရေနံမြေသို့ သွယ်တန်းပို့လွှတ်သော ရေနံပိုက်လိုင်းမှ ရေနံများပေါက်ထွက်ခဲ့ကြောင်း ထိခိုက်မှုတစုံတရာ မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ရွှေဘိုမြို့၌ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းရာ မြို့ပေါ်ရှိ ရပ်ကွက်အားလုံး ရေလွှမ်းမိုးသွားကြောင်း၊ အချို့သော မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ဒူးခေါင်း၊ ပေါင်လယ်ခန့်အထိ နစ်မြုပ်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ငလျင်ဒဏ်ကြောင့် မင်းဘူးမြို့ နဂါးပွက်တောင်တွင် ပြိုကျ ပျက်စီးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက် မည်ဖြစ်ကြောင်းကို နဂါးပွက်တောင် ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို အမြန်ပြန်လည် တည်ဆောက်ရန် အတွက် ရန်ပုံငွေ (အလှူခံရရှိငွေ) ကျပ်သိန်း ၄၆၆...
ရန်ကုန် ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) မြန်မာ-အိန္ဒိယနယ်စပ် ၊ မော်လိုက်မြိ့ု၏ အနောက်မြောက်ဘက် (၃၁)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တို့ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီး၏ ဖိတ်ကြားချက်အရ ယနေ့သြဂုတ်လ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံသို့...