Connect with us

Environment, Disasters & Accidents

ရန်ကုန်လေဆိပ်၌ မပေါက်ကွဲသေးသော M-150 အချိုရည်ပုလင်း ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မပေါက်ကွဲသေးသော M-150အချိုရည်ပုလင်းများအား တွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် မပေါက်ကွဲသေးသော M-150အချိုရည်ပုလင်းများအား တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ လေဆိပ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ကြွပ်ကြွပ်အိတ် အစိမ်းရောင်တစ်လုံး မသင်္ကာဖွယ်တွေ့ရှိသဖြင့် နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက လာရောက် ရှင်းလင်းခဲ့ရာ ကြွပ်ကြွပ်အိတ်ထဲ၌ M-150 အချိုရည် ၄ ပုလင်းအား တွေ့ရှိရပြီး ပုလင်းများအတွင်း အဝါရောင်အရည်ပျစ်ပျစ်များကို ထည့်ထားကြောင်း တွေ့ရှိရသည်။

ယင်းနေရာနှင့် လေဆိပ်အတွင်းနေရာများတွင် အသေးစိတ် ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.