Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများကို စိုးရိမ်ကြောင်း အရေးကြီးအဆို ပြည်သူ့ လွှတ်တော် လက်ခံ

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန် တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် နိုင်ငံ၏ အချုပ်အခြာ ထိပါးမှု တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့နှင့် ပတ်သက်သည့် အရေးကြီး အဆို တစ်ရပ်ကို ပြည်သူ့လွှတ်တော်သို့ယနေ့တင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။

ထို အရေးကြီး အဆိုမှာ “ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္ဒီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူ နှင့် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန် တို့တွင် KIA၊ MNDAA နှင့် TNLA ပူးပေါင်း အဖွဲ့တို့က မိုင်းထောင်မှု ဗုံးဖောက်ခွဲမှု၊ ပစ်ခတ်မှု တို့ ကြောင့် အပြစ်မဲ့ ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ် စွန့်ခွာ စစ်ပြေး ဒုက္ခသည် ဘဝ ရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာ ထိပါးမှု တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ် အေးချမ်းမှု နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း” ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့တင်သွင်းခဲ့သည်။

ထိုအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်း အေး က ထောက်ခံ ဆွေးနွေးခဲ့ကာ လွှတ်တော်က ကန့်ကွက်သူ မရှိ သဘောတူခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.