ရန်ကုန်၊ ဇွန် ၅ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ သက်တမ်း ကြာမြင့်နေသည့် မြေအောက် ဓာတ်ကြိုးများကြောင့် လျှပ်စစ် ပြတ်တောက်ခြင်းများ ဖြစ်ပေါ်လေ့ ရှိသဖြင့် အဆိုပါ မြေအောက် ဓာတ်ကြိုးများအား အစားထိုး ပြင်ဆင်သွားရန် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရန်ကုန်၊ ဇွန် ၅ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် မြေစွန်ကျေးရွာတွင် ဇွန် ၅ ရက်နေ့ နံနက် ၅ နာရီခွဲက သတင်းအရ တရားမဝင် ပိတောက်ခွဲသားသစ် ၅ တန်ခန့် တင်ဆောင်ရပ်တန့်ထားသော ယာဉ်တစ်စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးသိမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်၊ ဇွန် ၅ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ လူပျောက်မှု တိုင်ကြားချက် ၂ဝဝ ကျော် ရှိခဲ့ရာ ၁ဝဝ ကျော်သာ ပြန်လည်တွေ့ရှိ ခဲ့ပြီး အသက် ၁၆ နှစ်အောက်...
ရန်ကုန်၊ ဇွန်၅ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသမဝါယမ အသင်းသားပေါင်း နှစ်သန်းခွဲကျော်ကို ဇူလိုင်လတွင် ချေးငွေ ငွေကျပ် ၅ဝဝ ဘီလီယံခန့် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss World ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလှမယ် မြတ်သီရိလွင်(ခ) Bella အားရွေးချယ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရန်ကုန် တိုင်းဒေသကြီး အတွင်း မှုခင်းကျဆင်းမှုများ မဖြစ်ပေါ်စေရန် ရဲတပ်ဖွဲ့က မေလ ၁ ရက်နေ့မှ စတင်ပြီး ရက် ၁ဝဝ စီမံချက်ဖြင့် လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်ခဲ့ရာ မေလ ၃၁ ရက်အထိ အမှုပေါင်း ၃,၁၄ဝ...
ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) ဥက္ကဋ္ဌနှင့် စေ့စပ် ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့ နှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်သည့်...
နေပြည်တော်၊ ဇွန် ၃ ရက် (ဆင်ဟွာ) လိုင်စင် ထုတ်ပေးသည့် စီမံချက်ကာလ (၁၇ – ၂ – ၁၄ မှ ၄ – ၇ – ၁၄) နောက်ပိုင်း ကျန်ရှိနေသည့် လိုင်စင်မဲ့ ဆိုင်ကယ်၊ သို့မဟုတ် တရားမဝင် ထပ်မံ...
နေပြည်တော်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ဖွင့်လှစ်ပြီး သုံးနှစ်ခွဲအကြာတွင် ပျက်စီးခဲ့သဖြင့် ခြောက်နှစ်ခန့်ရပ်ဆိုင်းထားရသည့် ကလေး – ဂန့်ဂေါ – ပခုက္ကူ ရထားလမ်းရှိ ဂန့်ဂေါမြို့နယ် ကျော-ရေမျက်နီ လမ်းပိုင်းအား ပြန်လည်ပြေးဆွရြန် အစီအစဉ် မရှိကြောင်း၊ ပုံညာတောင် ဥမင်အနီးတွင် ငလျင် ပြတ်ရွေ့ကြောများ ရှိခြင်း၊...
ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် ဈေးများ အဆင့်မြှင့် တင်ရန် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ လွှတ်တော်က အတည်ပြု ခဲ့သည်။