Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ အာရှရေးရာ အထူး သံတမန် ဆွန်ကော်ရှန်းတို့ တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းတို့ နေပြည်တော်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ အာရှ ရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းတို့သည် ယနေ့ သြဂုတ်လ ၃၁ ရက်တွင် နေပြည်တော်ရှိ MICC (2) ၌ တွေ့ဆုံ ခဲ့သည်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ အာရှ ရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းက တရုတ် နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အား အမြဲတမ်း ခိုင်မာစွာ ထောက်ခံ အားပေး တိုက်တွန်းလျက် ရှိကြောင်း ၊ မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်းရေးကိစ္စ ဖြစ်ပြီး ၂၁ ရာစု ပင်လုံတွင် အားလုံးက ငြိမ်းချမ်းရေး လိုအပ်သည်ဟု ထင်မြင်ပြီး မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိရန် မျှော်လင့်ခြင်းသည် နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူလူထု အားလုံးပါဝင်သော အကျိုးစီးပွားနှင့် ကိုက်ညီပါကြောင်း ၊ အိမ်နီးချင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိရန် ပိုမို မျှော်လင့်ကြောင်း ၊ ယင်းမှာ မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက ဒေသတွင်း တခြား နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံအပေါ် မျှော်လင့်ချက်နှင့် ကိုက်ညီပါကြောင်း ၊ ယခု ညီလာခံ တက်ရောက်ခြင်းမှာ အနာဂတ် ငြိမ်းချမ်းရေး လမ်းကြောင်းမည်သို့ လျှောက်လှမ်းမည်ကို အမြင် သဘောထားများ နားထောင်ခြင်း ဖြစ်ပြီး ၊ ညီလာခံအတွင်း၌ အားလုံးက သဘောထား ၊ ရပ်တည်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပြီး အချင်းချင်း အပြန်အလှန် သဘောထား ဖလှယ်မှုများမှ တဆင့် သဘောထား ကွဲလွဲမှုများအား လျှော့ချနိုင်ကြောင်း ၊ ကွာခြားမှုများ ရှိသော်လည်း ငြိမ်းချမ်းရေးမှာ အဓိက ဦးတည်ချက် ဖြစ်ပြီး ထိုကွာခြားမှုများကို လျှော့ချနိုင်ရန် အမှန်တကယ် မျှော်လင့်ပါကြောင်း ၊ အားလုံး သဘောတူညီချက်များ ရရှိနိုင်စေချင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းတို့ နေပြည်တော်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းတို့ နေပြည်တော်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ အာရှ ရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းသည် နေပြည်တော်၌ ကျင်းပ ပြုလုပ်လျက်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသို့ လေ့လာသူအဖြစ် ပါဝင် တက်ရောက်ခဲ့သည့် အပြင် ကချင်ပြည်နယ် မိုင်ဂျာယန်၌ ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့ လေ့လာသူ အဖြစ် တက်ရောက်ခဲ့ပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.