Connect with us

Politics, Law & Military

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံ

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည် ယနေ့ မွန်းလွဲ ၂ း ၃၀ နာရီတွင် သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမတွင် မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ယနေ့နံနက်ပိုင်းတွင် ၂၁ ရာစု ပင်လုံ ညီလာခံသို့တက်ရောက်ခဲ့အပြီးတွင် နိုင်ငံတော် သမ္မတထံ သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ အမှတ်တရ ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အတူ အထူးအကြံပေး ပုဂ္ဂိုလ် Mr. vijay Nambiar, အကြီးတန်း အကြံပေး ပုဂ္ဂိုလ်များ ဖြစ်ကြသည့် Ms. Kate Gilmore နှင့် Mr. Miroslav, အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးလက်ထောက် Mr. CHANG Wook-jin, မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Ms. Renata Lok – Dessalien, OSASG Director Mr. mariann Hagen နှင့် နိုင်ငံရေး ဆိုင်ရာ အရာရှိ Ms. Alma Saliu တို့လည်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံဘက်မှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့လည်း တက်ရောက် ခဲ့ကြသည်။
နှစ်ဘက်ဆွေးနွေးသည့် အကြောင်းအရာများကို နိုင်ငံတော် သမ္မတရုံး website တွင် ထုတ်ပြန်မည်ဟု သိရသည်။
မစ္စတာ ဘန်ကီမွန်းနှင့် အဖွဲ့သည် နိုင်ငံတော် သမ္မတနှင့် မတွေ့ဆုံမီ နေ့လယ်ပိုင်း၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်လည်း တွေ့ဆုံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.