Connect with us

Politics, Law & Military

ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ မိတ်ဖွဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆို

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံညီလာခံ တွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အား ပံ့ပိုးလျက် စိတ်ချယုံကြည်ရသော မိတ်ဖွဲ့အဖွဲ့အစည်းအဖြစ်ရပ်တည်ခဲ့ကြောင်း၊ ဆက်လက်၍ နားလည်မှု ပိုမိုကောင်းမွန်ရေးအား ရှေးရှုလျက် တွေ့ဆုံဆွေးနွေးခြင်းများနှင့် တင်းမာမှုလျှော့ချရန်၊ ခြားနားမှုများအားချောမွေ့စေရန် ကြိုစား အားထုတ်သွားမည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဘန်ကီမွန်းက “ပြည်ထောင်စုအစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား နှစ်ပေါင်း ၇၀ ကြာဖြစ်ပွားခဲ့သည့် ပဋိပက္ခ နဲ့ ကွဲလွဲမှုသမိုင်းမှာ အခုလိုငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုအဖြစ် အစပြု လုပ်ဆောင်ခဲ့ခြင်းက အခုအကြိမ်က ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီနေ့ အစည်းအဝေးက အရေးပါတဲ့ မှတ်တမ်းတင်ကျန်ရစ်မယ့် အစည်းအဝေးတစ်ခု ဖြစ်ပါတယ်’’ ဟုပြောသည်။
ဤငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တစ်ဆထက်တစ်ဆ နက်ရှိုင်းလာသည့် နှင့်အမျှ ကုလသမဂ္ဂသည် မြန်မာနိုင်ငံအပေါ်လေးစားမှုရှိသည့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်တည်ရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၆ နှစ် ယခင်သမ္မတ ဦးသိန်းစိန်မှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တံခါးများ ဖွင့်ပေးခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံသည် သမိုင်းတွင်ရစ်မည့် ပြောင်းလဲမှု တစ်ရပ်ကို ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည်မှာ ယခုအကြိမ်သည် ပဉ္စမ အကြိမ် ဖြစ်သည်။ ၎င်းက မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့် အချိန်တွင် ပဉ္စမအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဤကာလ တလျှောက်လုံး ကုလသမဂ္ဂ ယန္တယားကြီး တစ်ခုလုံးမှ မြန်မာနိုင်ငံအား ပံ့ပိုး ကူညီနိုင်ရန် ၎င်းအနေဖြင့် တစ်တပ်တအား ကြိုးစားခဲ့ကြောင်း ဆိုသည်။
ဘန်ကီမွန်းက “ အစိုးရအာဏာပိုင်များရော၊ အမျိုးမျိုးသော မြန်မာပြည်သူတို့ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ နှင့် တွေ့ဆုံတဲ့နေရာမှာ သူတို့တွေရဲ့ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး အတွက် သန္နိဌာန်ချ လုပ်ဆောင်နေတာကို ကြားရတဲ့အတွက် ကျွန်တော့် အနေနဲ့ မျှော်လင့် ခွန်အား ဖြစ်စေပါတယ်’’ ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဤငြိမ်းချမ်းရေး လမ်းစဉ်တလျှောက် လျှောက်လှမ်းစဉ် မဖြေရှင်းရသေးသည့် ကိစ္စရပ်များအား ကိုင်တွယ်ရာတွင်၎င်း၊ နက်နဲသော၊ထိရှလွယ်သောကိစ္စများအား ဖြေရှင်းရာတွင်၎င်း၊ လိုအပ်သော ပညာဉာဏ်များ နှင့် အကျိုးစီးပွားများကို ထည့်သွင်းကာ လူထုအားလုံး ပါဝင်သည့် တစ်ခုတည်းသော ညှိနှိုင်းရေး လမ်းကြောင်းပေါ်ပေါက်စေရန် တိုက်တွန်းကြောင်း ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.