Connect with us

Politics, Law & Military

တိုင်းပြည်အနာဂတ် အတွက် ညှိနှိုင်း အဖြေရှာရန်နှင့် ပြည်သူအကျိုးစီးပွားကို ရှေ့တန်းတင် ပူးပေါင်း လုပ်ဆောင်ရန် အရေးကြီးဟု KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဆို

ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံညီလာခံ တွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

တိုင်းပြည်၏ အနာဂတ်အတွက် ညှိနှိုင်း အဖြေရှာ ဆွေးနွေးကြရန်နှင့် ပြည်သူလူထု တစ်ရပ်လုံး အကျိုးစီးပွားကို ရှေ့တန်းတင် ပူးပေါင်း လုပ်ဆောင်ကြရန် ပိုအရေးကြီးကြောင်း ယနေ့ ကျင်းပသော ၂၁ ရာစု ပင်လုံ ညီလာခံ အဖွင့် မိန့်ခွန်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIO) မှ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။

တိုင်းပြည်အတွက် ရှည်ကြာပြီ ဖြစ်သော စစ်၏ အနိဌာရုံများကို သင်ပုန်းကားချပြီး ပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တ တောင်းဆိုနေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်နိုင်ကြရန် အတွက် အစပျိုး စုစည်းကြသည့် နေ့တစ်နေ့ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၁ ရာစု ပင်လုံညီလာခံသည် တိုင်းပြည်၏ အနာဂါတ်အရေးကို ဝိုင်းဝန်း ဆွေးနွေးအဖြေ ရှာနိုင်ရန်အတွက် ပထမခြေလှမ်း အစပျိုးမှု ဖြစ်သောကြောင့် နောင်အဆက်ဆက် ပြုလုပ် ကျင်းပမည့် ညီလာခံများ အတွက် သေချာ စေ့စပ်စေရန် ခင်းကျင်းပေးထားသော လမ်းကြောင်းအစလည်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

ပင်လုံစိတ်ဓါတ်၊ ပင်လုံ ကတိကဝတ်၊ ပင်လုံသဘောတူညီချက် တွေကို အခြေခံပြီး ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်လပ်လာသော မြန်မာနိုင်ငံမှာ တန်းတူညီမျှမှုနှင့် တရားမျှတမှုများ ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များကို အာမခံ ဆောင်ကျဉ်းပေးမည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရန် အတွက် အခု စတင် ကျင်းပပြုလုပ်သော ညီလာခံမှ ရှေ့ဆက် ညီလာခံများတွင် ပင်လုံစိတ်ဓါတ်၊ ကတိကဝတ်နှင့် သဘော တူညီချက်များကို ယုတ်လျော့ ပျက်ပြယ် တိမ်းစောင်း မှေးမှိန်စေခြင်း အလျဉ်းမရှိစေဘဲ အထူးသတိချပ်ပြီး ဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အလွန်အရေး ကြီးကြောင်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည့် မဏ္ဍိုင် သုံးခုကို တပြိုင်တည်း ပါဝင်ပြီး အကောင်အထည် ဖော်နိုင်သော လုပ်ငန်းစဉ် ချမှတ်ထားရန် လိုအပ်ကြောင်း ကရင်အမျိုးသား အဖွဲ့အစည်းအရုံး ဥက္ကဋ္ဌ စောမူတူစေးဖိုးကလည်း ပြောကြားသည်။

အဆိုပါ ညီလာခံပြီးလျှင် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြည်ထောင်စု အဆင့်၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများ စတင် ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်ရန် မူဘောင်ရေးဆွဲကာ လုပ်ငန်း လမ်းညွှန်ချမှတ်ရာ တွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ပကတိ အခြေအနေနှင့် ကိုက်ညီရန် သတိထား ရေးဆွဲရန် အကြုံပြု လိုကြောင်း ၎င်းက မိန့်ခွန်း အတွင်း ထည့်သွင်း ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.