ရန်ကုန်၊နိုဝင်ဘာ၂၉ရက်(ဆင်ဟွာ) ကျောက်မဲနှင့် လားရှိုးတို့တွင် ချိန်ကိုက်မိုင်းများတွေ့ရှိခဲ့ပြီး တာဝန်ရှိသူများမှ အချိန်မီ ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ နိုဝင်ဘာ ၂၈ ရက်နေ့တွင် လသတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊နိုဝင်ဘာ၂၉ရက်(ဆင်ဟွာ) ဖားကန့် နမ့်မှော်ကျေးရာတွင် နိုဝင်ဘာ ၂၈ နံနက် ၄း၃၀ နာရီခန့်တွင် မြေစာပုံပြိုကျမှုတစ်ခု ထပ်မံဖြစ်ပွားကာ လူတစ်ဦး သေဆုံးသွားကြောင်း ဖားကန့်မြို့အုပ်ချုပ်ရေးမှုးရုံးမှ ဒုတိယဦးစီးမှုး ဦးမျိုးသက်အောင်က ယနေ့ ဆင်ဟွာကို ပြောကြားသည်။
ရန်ကုန်၊နိုဝင်ဘာ၂၉ ရက်(ဆင်ဟွာ) နိုဝင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းတွင် တော်ဝင်နှင်းဆီခန်းမ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးဥက္ကဌ ဦးတင်ဦးမှ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာမြို့၏ အနောက်မြောက်ဘက် ၃၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ နေ့လည် ၃ နာရီ ၄မိနစ် အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း...
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် တို့တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း နှစ်ဘက်စလုံး၏ အတည်ပြု ပြောကြားချက်များအရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရန်ုကုန်မြို့တော်၏ လျှပ်စစ် ဓာတ်အား ပို့လွှတ်မှု လမ်းကြောင်း စနစ်ကို ၂၃ဝ ကီလို ဗို့အားအထိ ပို့လွှတ်နိုင်ရေး အဆင့် မြှင့်တင်ရန် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈ဝ အကူအညီအား အာရှ ဖွံ့ဖြိုးရေးဘဏ်...
ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ပြင်ဆင်ပြောင်းလဲ ကြေညာချက်အရ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် မှုလက စုစုပေါင်း ၁၁၈ နေရာ အနိုင်ရရှိထားရာမှ အမျိုးသား လွှတ်တော်တွင် တစ်နေရာ လျော့သွားခဲ့ပြီး...
ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) နိုင်ငံ တစ်ဝန်းလုံးရှိ ကျေးရွာမြေများကို မြေငှားဂရန် ထုတ်ပေးနိုင်ရေး အတွက် နိုင်ငံတော် အစိုးရသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နှင့် ကျေးလက်နေ ပြည်သူ တစ်ဦး တစ်ယောက်ချင်း...
ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ကို ပထမအကြိမ် စိစစ် အကဲဖြတ်၍ ခွင့်ပြုချက် ရရှိသည့် ၁၂၅ ဦးအား နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးခဲ့ပြီး ထပ်မံ လျှောက်ထားသူများ အနက်...
ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ Junction Square ဈေးဝယ်စင်တာအတွင်း ယနေ့ ည ၈နာရီအချိန်တွင် လေးပေမီးချောင်း ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။