Connect with us

Environment, Disasters & Accidents

ဂက်စ်အိုး လဲလှယ်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လေးဦး ဒဏ်ရာရရှိ

ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားရာ ဆိုင်ခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

စမ်းချောင်းမြို့နယ်၊ ရှင်စောပု ရပ်ကွက်၊ ပြည်လမ်းနှင့် ရှင်စောပု လမ်းထောင့်ရှိ City Mart မြေညီထပ် တွင် ဖွင့်လှစ်ထားသော Happy Cafe & Noodles ကော်ဖီဆိုင်တွင် ယနေ့မတ်လ ၁၀ ရက်တွင် ဂက်စ်အိုး လဲလှယ်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ဆိုင်အလုပ်သမား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ကော်ဖီဆိုင်တွင် အရှည် ၄ ပေခန့်ရှိသော ဂက်စ်အိုး တစ်လုံးနှင့် တစ်လုံးလဲလှယ်၍ ဂက်စ်ဖြည့်စဉ် ဂက်စ်အိုးမှ ခေါင်းပြုတ် ထွက်ကာ ဂက်စ်များ ပန်းထွက်၍ အနီးရှိ မီးဖိုမှမီးနှင့် ထိတွေ့ပြီး ပေါက်ကွဲခဲ့ရာမှ ၁၅ ပေ ပတ်လည်အခန်း အတွင်း ကာရံထားသော မှန်ချပ်များ ကွဲသွားခဲ့ကြောင်း သိရသည်။

၎င်းဂက်စ်အိုး ပေါက်ကွဲမှုကြောင့် ဆိုင်အလုပ်သမားများ ဖြစ်ကြသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့မှာ ခန္ဓာကိုယ်တွင် အရေပြား ပွန်းစုတ် နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ) များအဖြစ် တင်ပို့ ကုသခဲ့ရပြီး တန်ဖိုးငွေကျပ် ၁ သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ထိုသို့ဖြစ်ပွားခဲ့သည့် အတွက် ဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေဂျာအား စမ်းချောင်း မြို့မ ရဲစခန်းအမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.