Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ အရည်အချင်းနှင့် ပြည်စုံမှု ရှိ/မရှိ စိစစ်နိုင်ရန် အဖွဲ့အား ၇ ဦးဖြင့် ဖွဲ့စည်း

နိုင်ငံတော် သမ္မတ အရည်အချင်းနှင့် ပြည်စုံမှု ရှိ/မရှိ စိစစ်နိုင်ရန် စိစစ်ရေး အဖွဲ့ ဖွဲ့စည်းခြင်း ကြေညာချက် (ဓာတ်ပုံ- Myanmar Union Parliament)

ရန်ကုန် ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

က်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်သည့် ဒုတိယ သမ္မတများအား နိုင်ငံတော် သမ္မတ အရည်အချင်းနှင့် ပြည်စုံမှု ရှိ/မရှိ စိစစ်နိုင်ရန် စိစစ်ရေး အဖွဲ့အား ၇ ဦးဖြင့် ဖွဲ့စည်း လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးမှ ယနေ့ထုတ်ပြန်ခဲ့သည်။

ထိုစိစစ်ရေး အဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်တို့အပါအဝင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင် ၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်းနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ် သန်းစိုးတို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.