Connect with us

Politics, Law & Military

အမျိုးသားလွှတ်တော်အစုအဖွဲ့အတွက် NLD က တင်သွင်းသော ဦးဟန်နရီဗန်ထီးယူ ထောက်ခံမဲ၁၄၈ဖြင့်ဒုတိယ သမ္မတ ဖြစ်ဟု ကြေညာ

ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံရသော ဦးဟင်နရီဗန်ထီးယူအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၁ရက် (ဆင်ဟွာ)

အမျိုးသားလွှတ်တော်အစုအဖွဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က တင်သွင်းသော ဦးဟင်နရီဗန်ထီးယူသည် ထောက်ခံမဲ၁၄၈ဖြင့် ဒုတိယ သမ္မတဖြစ်လာကြောင်း အမျိုးသားလွှတ်တော်က ကြေညာလိုက်သည်။

အဆိုပါ အမျိုးသားလွှတ်တော် အစုအဖွဲ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ တင် သွင်းသော ပထမ အကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ၁၃မဲဖြင့် ရှုံးနိမ့်ခဲ့သည်။အမျိုးသားလွှတ်တော်အတွင်း ယနေ့မဲပေးခွင့်ရှိသူ ၁၆၇ ဦိးရှိပြီး ဆန္ဒမဲကို ၁၆၇ဦး မဲပေးခဲ့ပြီး ပယ်မဲ ၆မဲရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.