Connect with us

Politics, Law & Military

တပ်မတော်အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်သွင်း

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်သွင်းသော ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တပ်မတော်အစုအဖွဲ့အတွက် ဒုတိယ သမ္မတအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်သွင်းလိုက်သည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းပဒေများအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမ၌ ဒုတိယသမ္မတ ရွေးချယ်ရေး အခမ်းအနားကို ကျင်းပပြုလုပ်ရာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး တက်ရောက်ခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (အငြိမ်းစား)အား ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုတင်သွင်းပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က ထောက်ခံသည်။

ယင်းအဆိုတင်သွင်းမှုအပေါ် ကန့်ကွက်သူမရှိသဖြင့် သဘာပတိက ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ(အငြိမ်းစား)အား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးကောက်တင်မြှောက်သည့် ဒုတိယသမ္မတအဖြစ် ရွေးချယ်အတည်ပြုလိုက်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၅) သင်တန်းဆင်းဖြစ်ပြီး တပ်မ ၁၁တပ်မမှူး အရှေ့တောင်ပိုင်းတိုင်း တိုင်းမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ကစထမှူ း ( ၅ )တာဝန် ထမ်းဆောင်ခဲ့သည်။

ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်စုအဖွဲ့နှင့် တပ်မတော်အစုအဖွဲ့တို့မှ တင်သွင်းလာသော ဦးထင်ကျော်၊ ဦးဟန်နရီဗန်ထီးယူ နှင့် ဦးမြင့်ဆွေ တို့သည် ဒုတိယ သမ္မတများဖြစ်လာကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.