Connect with us

Politics, Law & Military

ကိုးကန့်ဒေသကို တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုရအောင် အဆင့်ဆင့် ဆောင်ရွက်မည်

မြန်မာ့ တပ်မတော်မှ လောက်ကိုင်ဒေသ အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသတွင်း တပ်မတော်နှင့် ကိုးကန့် အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည့် အခြေအနေမှ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ရအောင် အဆင့်ဆင့် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဧပြီ (၃)ရက်နေ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ရရှိအောင် အဆင့်ဆင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆိုသည်။

လက်ရှိအချိန်၌ ကိုးကန့်ဒေသတွင် အရေးကြီး လုပ်ငန်းစဉ်အနေဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးကို အဓိကထား လုပ်ဆောင်နေသည့် အဆင့်ဖြစ်ကြောင်း၊ ကြိုးပမ်း တည်ဆောက်နေသည့် နိုင်ငံတော်သစ်တွင် တိုင်းရင်းသားများ၊ လူနည်းစုများ၏ အခွင့်အရေးကို အကာအကွယ်ပေးသည့် ကိစ္စရပ်များကိုလည်း ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်နေကြောင်း ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

အိမ်နီးချင်း နိုင်ငံများသာမက ကမ္ဘာ့ အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးကောင်းရှိရန် လိုအပ်နေသည့် အချိန်တွင် လက်ရှိ ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အထိခိုက်ခံမှာ မဟုတ်ကြောင်း သမ္မတက ဆိုသည်။

လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်ရပ်စဲပြီး နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် အရေးကြီး မှတ်တိုင်တစ်ခုဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (မှုကြမ်း)ကို လက်မှတ် ရေးထိုးထားနိုင်ပြီး များမကြာမီ ကာလအနည်းငယ် အတွင်းမှာ သဘောတူ အတည်ပြု ထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ (Xinhua)