Connect with us

Politics, Law & Military

NCA ကို အပြီးသတ် လက်မှတ် ရေးထိုးနိုင်ရန် ပိုအားစိုက်သင့်ဟု ဗိုလ်ချုပ်ဂွန်မော် ပြောကြား

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်မှ ဆင်ဟွာ သတင်းဌာန၏ အင်တာဗျူး လက်ခံ ဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို အပြီးသတ် လက်မှတ် ရေးထိုးနိုင်ရန် အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ ပိုအားစိုက်သင့်ကြောင်း ကချင် လွတ်မြောက် ရေးတပ်မတော် (KIA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောကြားသည်။

ဆင်ဟွာ သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့ တစ်နှစ်နှင့် ငါးလ ဆွေးနွေးပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း တစ်စောင် ရရှိခဲ့ကြောင်း သူကဆိုသည်။

နောက်တစ်ဆင့် အနေဖြင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ် ရေးထိုးနိုင်ရန် နှစ်ဘက် ခေါင်းဆောင်များ ပိုမို အားစိုက်မှု ပြုလုပ်သင့်ကြောင်း ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

NCCT နိုင်ငံတွင်း ငြိမ်းချမ်းရေး ကြာရှည်စွာ လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် နိုင်ငံရေး ဆွေးနွေးမှုများ အပြန်အလှန် ဆွေးနွေး လုပ်ဆောင်မည် ဖြစ်ကြောင်း သူကဆိုသည်။

NCCT ဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်နက်ကိုင် တိုင်းရင်းသားများ အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရ အသိအမှတ် ပြုထားသော ၁၆ ဖွဲ့အပြင် ကျန်ရှိနေသော ဝ၊ ကိုးကန့်၊ မိုင်းလား၊ RCSS နှင့်TNLA တို့ပါ လက်မှတ် ထိုးနိုင်ရေး NCCT ဘက်မှ ဆောင်ရွက် လျှက်ရှိသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းကို မေလ (၃၁) ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရှေ့တွင် UPWC နှင့် NCCT တို့ ပဏာမ လက်မှတ် ရေးထိုးထားနိုင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရန် တိုင်းရင်းသား ညီလာခံ ကျင်းပမည် ဖြစ်သည်။ (Xinhua)