Connect with us

Politics, Law & Military

ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရေး ကြိုးပမ်းကြရန် ဦးသိန်းစိန် တိုက်တွန်း

ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်တွင် ယနေ့ ညနေပိုင်း ပြုလုပ်ခဲ့သည့် ERIA ၏ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့သော ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင် ကော်မတီ နာယက၊ သမ္မတ(ငြိမ်း) ဦးသိန်းစိန်အား ပါတီက ဂုဏ်ပြုပွဲတွင် ဦးသိန်းစိန်က ကျေးဇူးတင်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ပြည်သူကို ဦးဆောင်ပြီး တိုင်းပြည်ကို ထိထိရောက်ရောက် တည်ဆောက်နိုင်ကြရန် ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရေးအတွက် ကြိုးပမ်းကြရန် အငြိမ်းစား သမ္မတ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင် ကော်မတီ နာယက ဦးသိန်းစိန်က ယနေ့ညနေပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်များအား တိုက်တွန်း ပြောကြားခဲ့သည်။

“တိုင်းပြည်ကို ထဲထဲဝင်ဝင် ပါဝင် တည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲမှာ ပါတီ အနိုင်ရရေးဟာ အရေးကြီးပါတယ်၊ ပါတီအနိုင်ရမှ လွှတ်တော်ထဲကို ဝင်နိုင်မှာ ဖြစ်ပါတယ်၊ သို့မှသာ ပြည်သူကို ဦးဆောင်ပြီး တိုင်းပြည်ကို ထိထိရောက်ရောက် တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ရွေးကောက်ပွဲတွေမှာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု နေပြည်တော် ရှိ ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်တွင် ယနေ့ညနေပိုင်း ပြုလုပ်ခဲ့သည့်ERIA ၏ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့သော သမ္မတ(ငြိမ်း) ဦးသိန်းစိန် အား ပါတီက ဂုဏ်ပြု ပွဲတွင် ၎င်းက ကျေးဇူးတင်စကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်တွင် ယနေ့ညနေပိုင်း ပြုလုပ်ခဲ့သည့် ERIA ၏ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့သော သမ္မတ (ငြိမ်း) ဦးသိန်းစိန်အား ပါတီက ဂုဏ်ပြုပွဲတွင် ပါတီဥက္ကဋ္ဌဦးသန်းဌေး မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်တွင် ယနေ့ညနေပိုင်း ပြုလုပ်ခဲ့သည့် ERIA ၏ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့သော သမ္မတ(ငြိမ်း) ဦးသိန်းစိန် အား ပါတီက ဂုဏ်ပြုပွဲအခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ERIA (Economic Research Institute for ASEAN and East Asia) က ချီးမြှင့်ခဲ့သည့် The 3rd Asia Cosmopolitan Award’s (Grand Prize) ရရှိခဲ့မှုနှင့် ပတ်သက်၍လည်း ၎င်းက “အမှန်တော့ ဒီဆုဟာ ကျွန်တော် တစ်ယောက်တည်းအတွက် ရခဲ့တဲ့ ဆု မဟုတ်ပါဘူး၊ ကျွန်တော်တို့ပါတီ၊ ကျွန်တော်တို့ အစိုးရ၊ တပ်မတော်နဲ့ကျွန်တော်တို့ပြည်သူတွေ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ရခဲ့တဲ့ဆု ဖြစ်ပါ တယ်၊ ကျွန်တော် ဒီဆုကို တိုင်းပြည်ရဲ့ ကိုယ်စား ဂျပန်နိုင်ငံ နာရာခရိုင်၊ နာရဟေး ဂျောခယျော မြို့တော်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ (၁၅) ရက်နေ့မှာ သွားရောက် လက်ခံ ရယူခဲ့ပါတယ်၊ နှစ်ပေါင်း ငါးဆယ်နီးပါး ဒီမိုကရေစီ စနစ်နဲ့ကင်းကွာခဲ့တဲ့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် စနစ်တကျ ညင်ညင်သာသာ ကူးပြောင်းနိုင်ခဲ့လို့ ကျွန်တော်တို့နိုင်ငံကို နိုင်ငံအများအပြားကစိတ်ဝင်စားခဲ့ကြပါတယ်၊ ERIA အဖွဲ့ဟာ ဂျာကာတာမှာ ဌာနချုပ် ဖွင့်ထားပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲမှု၊ နိုင်ငံရေးလုပ်ငန်းစဉ်မှာ နိုင်ငံသားအားလုံး ပါဝင်ခွင့် ရအောင် ဆောင်ရွက်ခဲ့မှု၊ ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှု၊ ဒီမိုကရေစီစနစ်နဲ့လိုက်လျောညီထွေ ဖြစ်အောင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍများအား လိုက်ပါ ပြောင်းလဲမှု၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမှု၊ ပြည်သူ ရွေးချယ်တဲ့ အစိုးရအဖွဲ့ကို ငြိမ်းချမ်းစွာ အာဏာလွဲှပြောင်းပေးမှု တို့အပေါ် လေ့လာ သုံးသပ်ပြီး ဒီဆုကို ရွေးချယ်ပေးခြင်းဖြစ်ပါတယ်” ဟု ရှင်းလင်း ပြောကြားခဲ့သည်။

ဂုဏ်ပြုပွဲ ကျင်းပပေးသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဥက္ကဋ္ဌဦးသန်းဌေးနှင့် ပါတီ အထွေထွေ အတွင်းရေးမှူးးဦးသက်နိုင်ဝင်းတို့က သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ အောင်မြင်ခဲ့သော ဒီမိုကရေစီ အပြောင်း အလဲ ဖော်ဆောင်မှုများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ပြီး ပါတီ ဗဟိုကော်မတီဝင် အငြိမ်းစား နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ERIA အကြောင်းနှင့် ERIA ၏ဂုဏ်ထူးဆောင်ဆု အကြောင်းတို့ကို ရှင်းလင်း တင်ပြခဲ့ ကြသည်။

အဆိုပါ ဂုဏ်ပြုပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြသည့် ယခင်အစိုးရလက်ထက်မှ အငြိမ်းစား ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နိုင်ငံရေးပါတီ ၁၉ ခုတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117