Politics, Law & Military
မောင်တောခရိုင်၌ ညမထွက်ရအမိန့် နှစ်လထပ်တိုး

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း၌ ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို အောက်တိုဘာ ၂၅ ရက်က နှစ်လထပ်တိုးလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ယခင်ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့် ပုဒ်မ ၁၄၄သည် နှစ်လပြည့်၍ ဒေသတွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ထပ်မံတိုးမြှင့်လိုက်ကြောင်း သိဂသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဒေသပိုမိုတည်ငြိမ်အေးချမ်းရေး၊ပြည်သူများတည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးတို့အတွက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း သုံးသပ်ရသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက အမိန့်အမှတ် ၂/၂၀၁၇ကို အသီးသီး ထုတ်ပြန်လိုက်သည်။မောင်တောခရိုင်အတွင်း အများပြည်သူနှင့် ဆိုင်သောနေရာများတွင် လူ ၅ဦးထက်ပိုမစုရန်နှင့် ည၆နာရီမှ မနက် ၆ နာရီထိ အပြင်မထွက်ရန်အမိန့်အား ထပ်မံတိုးမြှင့်လိုက်သည်။(Xinhua)