Connect with us

Politics, Law & Military

မောင်တောမြို့ သစ်တုံးနားခွဆုံကျေးရွာတွင် မြိုတိုင်းရင်းသားများစုစည်းကာ နေရာပြန်လည်ချထားပေး

မောင်တောမြို့အတွင်း အကြမ်းဖက်သမားများ နေအိမ်များအား မီးရှို့ဖျက်ဆီးစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေး ကော်မတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့အတွင်းရှိ သစ်တုံးနားခွကျေးရွာတွင် မြိုတိုင်းရင်းသားများ စုစည်းကာ နေရာပြန်လည်ချထားပေးကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

သစ်တုံးနားခွကျေးရွာအုပ်စုတွင် ခရုချောင်း၊ မျောက်ခေါင်းတောင်၊ ပန်းချောင်း၊ အင်းချောင်း(အောက်)ရှိ မြိုတိုင်းရင်းသား ကျေးရွာများစုစည်းပြီး နေရာပြန်လည်ချထားကြောင်း၊ အဆိုပါ တိုင်းရင်းသားများအတွက် အိမ်ယာ ၈၆လုံးအား တစ်ကွက်လျှင် ပေ၄၀ပေ၆၀အကျယ်တွင် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်တောဒေသတွင် အကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သစ်တုံးနားခွကျေးရွာတွင် နေအိမ် ၈၆လုံးအတွက် ပန္နက်တင်အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ တက်ရောက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.