Connect with us

Politics, Law & Military

တောင်ကြီးမြို့ ရှိ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများအား သေနတ်အတုဖြင့် လုယက်ရန် ကြံစည်သူ ၁ ဦးအား ဖမ်းဆီးရမိ

သေနတ်အတုဖြင့် လုယက်ရန် ကြံစည်သူ ၁ဦးအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တောင်ကြီးမြို့ လုံဝမ်ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများအား သေနတ်အတုဖြင့် လုယက်ရန် ကြံစည်သူ ၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ၁၁၀၀ အချိန် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ ရေထွက်ဦးလမ်း၊ အိမ်အမှတ်(၂၀၉)၊ ဆိုင်ခန်းအမှတ်(၃)တွင် ဖွင့်လှစ်ထားသော လုံဝမ် ရွှေဆိုင်သို့ ဂျင်းဘောင်းဘီနှင့် အနက်ရောင်လက်ရှည် အင်္ကျီဝတ်ဆင်ထားပြီး အနက်ရောင်ဆိုင်ကယ်စီးဦး ထုပ်ဆောင်း ၍ နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသား(၁)ဦး(စိစစ်ဆဲ)သည် ယာယီ E-3601 Honda Click 125 အဝါ/အနက်ကြားဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ရွှေထည်မျိုးစုံ၊ တန်ဖိုးကျပ်(၁၉၀)သိန်းခန့်အား ဝယ်ယူမည်ဟုဆိုပြီး ပြသရန်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားမှ ၎င်းရွှေထည်များဝယ်ယူရန် ဆိုင်သို့ ငွေလာပို့ခိုင်းထားကြောင်း ပြောဆို ကာ ရွှေဆိုင်အပြင်သို့ (၃/၄)ကြိမ်ခန့် ဝင်/ထွက်ပြုလုပ်ခဲ့ပြီး လုံဝမ်ရွှေဆိုင်ပိုင်ရှင်၏ ဇနီး ထံမှ လက်ကိုင် ဖုန်းအားငှား၍ ပအိုဝ့်ဘာသာဖြင့် အပြန်အလှန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ၁၂း၃၀ နာရီ အချိန် အဆိုပါအမျိုးသားသည် ဆိုင်ရှေ့၌ ရပ်ထားသည့် ၎င်း၏ ဆိုင်ကယ် တူးဘောက်အတွင်းမှ ကြွကြွပ် အိတ်(၁)လုံးအား ယူဆောင်ကာ ဆိုင်တွင်းသို့ ပြန်ဝင်လာပြီး ကြွပ်ကြွပ် အိတ်အတွင်းမှ 645 Performance Center စာတမ်းပါ ကလေးများဆော့သည့် ကော်စေ့ဖြင့် ပစ် ရသော အစိမ်းပုတ်ရောင် ပစ္စတိုသေနတ်အားထုတ်၍ ရွှေထည်ပစ္စည်းများပြသနေ သူ အား ချိန်ရွယ်ကာ ရွှေထည်ပစ္စည်းများ ထုတ်ပေးရန် ပြောစဉ် ရွှေဆိုင်ပိုင်ရှင် မှ သေနတ်ဖြင့် ချိန်ရွယ်ထားသူ အမျိုးသားအား ဝင်ရောက်လုံးထွေးခဲ့ရာ ၎င်းကိုင်ဆောင်ထားသည့် သေနတ်နှင့် ဆိုင်ကယ်သော့တို့ လွတ်ကျသွားပြီး နှာခေါင်းစည်းမှာလည်း ကျွတ်သွားသောကြောင့် ရွှေဆိုင်အပြင် သို့ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ရွှေဆိုင်မှရွှေထည်ပစ္စည်းများ တစ်စုံတစ်ရာဆုံးရှုံးခြင်းမရှိဘဲ ဝင်ရောက် လုံးထွေးမှုကြောင့် ရွှေဆိုင်ပိုင်ရှင်၏ ယာခြေထောက်တွင် အနည်းငယ် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၁၂း၄၀နာရီ အချိန် တွင် ရွှေဆိုင်ပိုင်ရှင် ဦးရွှေစိန်၏ အကြောင်းကြားချက်အရ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး၊ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့ ခေတ္တရဲတပ်ဖွဲ့မှူး၊ တောင်ကြီးမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ် ရွှေဆိုင်အား သွားရောက်စစ်ဆေးခဲ့ပြီး ၁၄း၀၀ နာရီအချိန် တရားခံ ခွန်ရန်းထို၊ (၂၀)နှစ်၊ ဈေးပိုင်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းနေသူအား ကန်ရှေ့ရပ်ကွက်ရှိ City Square အောက်ထပ် ဆောက်လုပ်ရေးပစ္စည်းများထားသိုသည့် နေရာမလွယ်ပေါက်အတွင်း ပုန်းခိုနေရာမှ ဖမ်းဆီးရမိခဲ့ ကြောင်းနှင့် ၁၄း၄၀နာရီ အချိန် ခွန်ရန်းထိုအား တောင်ကြီးမြို့မရဲစခန်းမှ (ပ)၉၂၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၃ (လုယက်ရန် အားထုတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.