Connect with us

Politics, Law & Military

အစိုးရ သက်တမ်း ၈ လတာ အတွင်း ဒုတိယ ဝန်ကြီး တစ်ဦးအား တာဝန်မှ ရပ်စဲ

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဒေါက်တာထွန်းဝင်းအား တွေ့ ရစဉ်(ဓာတ်ပုံ-စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန)

နေပြည်တော် ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

အစိုးရသစ် လက်ထက် ဧပြီလမှ စတင်၍ ၈ လတာ ကာလ အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သူ ဒေါက်တာ ထွန်းဝင်းအား တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်(၅၉/၂၀၁၆)အား နိုဝင်ဘာ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအား တာဝန်မှ ရပ်စဲကြောင်း အမိန့်ကြေငြာစာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁) နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ဥပဒေ ပုဒ်မ ၆၉ ၊ ပုဒ်မခွဲ(က) တို့ပါ ပြဋ္ဌာန်းချက်များ အရ တာဝန်မှ ရပ်စဲလိုက်ကြောင်း ဖော်ပြပါရှိသည်။

တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်(၅၉/၂၀၁၆)အား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ “နိုင်ငံတော် သမ္မတသည် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး(သို့မဟုတ်) ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်” ဟူ၍ ပြဌာန်းထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းအား ယခုနှစ် မေလ ၂ ရက်တွင် နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ် (၃၆/၂၀၁၆)ဖြင့် ခန့်အပ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.