Connect with us

Politics, Law & Military

မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်၊ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိဟု အစိုးရ သတင်းထုတ်ပြန်

မူဆယ်မြို့အတွင်း တိုက်ပွဲဖြစ်ပွားရာပြမြေပုံ(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ တိုက်ခိုက်မှုကို KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်သဖြင့်
လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း အဖွဲ့များသည် ကုန်သွယ်ရေး ဇုန်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လဲချားမြို့နယ်နေ မောင်ဇော်သက် (၂၀)နှစ် (ဘ) ဦးမောင်မောင်ထွေး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အပြစ်မဲ့ ပြည်သူ (၆) ဦး ဒဏ်ရာရရှိထားသည်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့ဝင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှိ မြို့လုံခြုံရေးရဲကင်းအား အရှေ့တောင်ဘက် တစ်ဖာလုံခန့် အကွာ ယာခင်းဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ယနေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် စတင် ပစ်ခတ်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ပြည်သူ့စစ်တို့မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အဆိုပါ အဖွဲ့သည် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ပန်ဆိုင်းနယ်မြေစခန်းနှင့် တပ်မတော် တပ်စခန်းကိုလည်းကောင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့ ၊ ရပ်ကွက် (၆)၊ မုံးကိုးနယ်မြေရဲစခန်းအရှေ့ဘက်ရှိ တပ်မတော်တပ်စခန်းကုန်းကိုလည်းကောင်း၊ မူဆယ်မြို့မ ရဲစခန်း၏ တောင်ဘက် ၁၈ မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းပေါ်ရှိ နန့်ပေါ်တံတားလုံခြုံရေး ရဲကင်းကိုလည်းကောင်း၊မူဆယ်မြို့ အရှေ့မြောက် ၁၂ မိုင် ခန့်အကွာ ကျင်စမ်းကျော့(ဟိုနောင်) ရဲကင်းကိုလည်းကောင်း၊ မူဆယ်မြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းဇုန်အနီးရှိ တပ်စခန်းကုန်းကို လည်းကောင်း လက်နက်ကိုင်အဖွဲ့များသည် အင်အားအများအပြားဖြင့် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နမ့်ဖတ်ကာ ရဲကင်းစခန်း၏ ၁၁ မိုင်ခန့် အကွာ ဆွမ်လုံကျေးရွာအနီး မန္တလေး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၉၁/၁ အနီးရှိ ပေ ၂၀ ခန့်ရှည် ဆွမ်လုံတံတားပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့် တံတားထိခိုက်ပျက်စီးခဲ့ပြီး လက်နက်ကိုင်အဖွဲ့များက နန့်ပေါ်တံတားအား မိုင်းဖေါက်ခွဲခြင်း၊ တံတားအနီးရှိ ဈေးဆိုင် (၃) ဆိုင်အား မီးရှို့ခြင်း၊ သိန္နီမြို့ နမ္မတူ တံတားအား ပါဂျဲရိုး ယာဉ်ဖြင့် ဗုံးဖေါက်ခွဲခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117