Connect with us

Politics, Law & Military

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံ

နိုဝင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းတွင် တော်ဝင်နှင်းဆီခန်းမ၌ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊နိုဝင်ဘာ၂၉ ရက်(ဆင်ဟွာ)

နိုဝင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းတွင် တော်ဝင်နှင်းဆီခန်းမ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးဥက္ကဌ ဦးတင်ဦးမှ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

နိုဝင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ အနိုင်ရကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းဖြစ်ပြီး နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အနိုင်ရ ကိုယ်စားလှယ်များနှင့် ဆက်လက်တွေ့ဆုံမည် ဖြစ်သည်။

နိုဝင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းတွင် တော်ဝင်နှင်းဆီခန်းမ၌ ဗဟိုအောင်နိုင်ရေး ဥက္ကဌ ဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ရွေးကောက်ပွဲဗဟိုအောင်နိုင်ရေးဥက္ကဌ ဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် “ပါတီအနေဖြင့် စည်းကမ်းထိန်းသိမ်းရေးကို ယခင်ကာလများ ထက် တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားတော့မည်ဖြစ် ကြောင်း’’ ထည့်သွင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက်ဘက် တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ် မှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပျဉ်းမနားမြို့ မေခန်းမတွင် တွေ့ဆုံမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ နာဂ၊ ဓနု၊ အင်းသား၊ ပလောင် လွှတ်တော်ကိုယ်စားလှယ် များ နှင့် တွေ့ဆုံမည်ဖြစ်သည်။

ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော် နေရမှ အနိုင်ရရှိခဲ့သည့် ဒေါက်တာဒေါ်သက်သက်ခိုင်မှ “ လွှတ်တော်ကိုယ်စားလှယ် လောင်းများ အနေနဲ့ အဖွဲ့ချုပ်ကို ပို့ထားတဲ့ ပိုင်ဆိုင်မှုစာရင်း ထပ်တိုးခဲ့ရင် အရေးယူမယ်ဆိုတဲ့ အကြောင်း ကို ဒီနေ့ တွေ့ဆုံပွဲမှာ ထပ်ပြောခဲ့တယ်’’ ဟု ယနေ့မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.