Connect with us

Politics, Law & Military

ကျောက်မဲနှင့် လားရှိုးတို့တွင် ချိန်ကိုက်မိုင်းများတွေ့ရှိ

ကျောက်မဲနှင့် လားရှိုးတို့တွင် အချိန်မီဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့် ချိန်ကိုက်မိုင်းများအားတွေ့ရှိရစဉ် (ဓါတ်ပုံ- M.O.I)

ရန်ကုန်၊နိုဝင်ဘာ၂၉ရက်(ဆင်ဟွာ)

ကျောက်မဲနှင့် လားရှိုးတို့တွင် ချိန်ကိုက်မိုင်းများတွေ့ရှိခဲ့ပြီး တာဝန်ရှိသူများမှ အချိန်မီ ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ နိုဝင်ဘာ ၂၈ ရက်နေ့တွင် လသတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် ကျောက်မဲမြို့ ရပ်ကွက်(၁) Green Luck ဓာတ်ဆီဆိုင် ဆီပန့်အနီးရှိ ပီပါတစ်ဝက်ပြတ် သဲပုံးပေါ်တွင် နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ မိနစ်၂ဝ က မသင်္ကာဖွယ် ကတ်ထူပုံးတစ်ပုံးအတွင်း၌ အနီရောင် မီးလင်းနေကြောင်း တွေ့ရှိသဖြင့် ဓာတ်ဆီဆိုင်နှင့် ပေ ၃ဝ ခန့်အကွာရှိ အုတ်ခုံပေါ်သို့ ရွှေ့ပြောင်းခဲ့ပြီး ကျောက်မဲမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တပ်မတော်သားများပူးပေါင်း၍ ဖောက်ခွဲရှင်းလင်းခဲ့ရာ ကတ်ထူပုံး အတွင်းမှ အမြင့် ငါးလက်မရှိ PVC ကိုးလက်မပိုက်အတွင်း TNT(200) ဂရမ် ယမ်းတုံး လေးတုံး၊ (2×1) လက်မခန့်ရှိ သံတိုသံစနို့ဆီဘူး လေးဘူးခန့်၊ Digital ချိန်ကိုက် နာရီ တစ်လုံး၊ ကိုးဗို့ ဓာတ်ခဲနှစ်လုံးနှင့် အရှည်နှစ်ပေခန့်ရှိ ယမ်းကြိုးခွေတစ်ချောင်းတို့ တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ထို့အပြင် နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီ ၁ဝ မိနစ်ကလည်း ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက်(၉) ဘူတာရှေ့ပန်းခြံအဝိုင်းဘေး ချုံပုတ်အစပ်တွင် ကြွပ်ကြွပ် အိတ်အမည်းရောင်ဖြင့် ထုပ်ထားသည့် ချိန်ကိုက်မိုင်းဟု ယူဆရသော အထုပ်တစ်ထုပ် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်မတော်သားများနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပူးပေါင်း၍ ရှင်းလင်းခဲ့ရာ အိတ်အတွင်းမှ အလျား ရှစ်လက်မ၊ အမြင့် ခြောက်လက်မ ခန့်ရှိ ကတ်ထူစက္ကူပုံအတွင်း၌ (၄x၂x၁)လက်မခန့်ရှိ TNT ၂ဝဝ ဂရမ်ခန့် စီရှိ ယမ်းတုံးလေးတုံး၊ အရှည်ခြောက်လက်မခန့်ရှိ အနီရောင်ယမ်းကြိုး နှစ်ချောင်း၊ အရှည်သုံးလက်မခန့်ရှိ အနီရောင်ယမ်းကြိုး ၂၆ ချောင်း၊ ဖယောင်းဖြင့်မံထားသည့် သံဘောစေ့များပါလေးကတ်၊ ဆပ်ပြာခွက်အောက်ခံ သုံးခု၊ မီးခလုတ်တစ်ခု၊ Digital ချိန်ကိုက်နာရီတစ်လုံးနှင့် ကိုးဗို့ ဓာတ်ခဲ နှစ်လုံးတို့ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ယခုအချိန်တွက် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးတာဝန်များ အထူးဂရုပြုဆောင်ရွက်လျက် ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.