Connect with us

Politics, Law & Military

ချင်းအမတ် အမြန်လွှတ်ရေး အရေးကြီးအဆို အတည်ပြု

ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ် ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နို၀င်ဘာ ၁၈ ရက် (ဆင်ဟွာ)

နို၀င်ဘာလ ၁၃ ရက် နေ ့၌ ပြည်ထောင်စု လွှတ်တော်သို ့ တင်သွင်းခဲ့သည့် “ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်ခြင်း ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ချင်း အမတ် ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးခြင်းမှ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်ပေးပါရန် တောင်းဆို ကြောင်း” အဆိုအား ယနေ ့ပြည်ထောင်စုလွှတ်တော်အစည်းအေ၀းတွင် လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးတို ့က ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အရေးကြီးအဆို အဆိုတင်သွင်းခဲ့သူ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက “နိုင်ငံတော်မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး တည်ဆောက် နေတဲ့ အချိန်၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် တည်ဆောက်နေချိန်၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုကို ဦးတည် လျှောက်လှမ်းနေချိန်၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို ့ အစိုးရရော လွှတ်တော်ရော တပ်မတော်ကရော သက်ဆိုင်ရာ အဖွဲ ့အစည်း အသီးသီးနဲ ့ စေ့စပ်ညှိနှိုင်း ဆောင်ရွက်နေတဲ့ အချိန်ကာလဆိုတာအားလုံး သတိပြုသင့်တဲ့ အချိန် ဖြစ်ပါတယ်၊ တိုင်းရင်းသား ဒေသတွေ ဖွံ ့ဖြိုး တိုးတက်ရေးနဲ ့တည်ငြိမ်အေးချမ်းရေအတွက် အားလုံးက ဆောင်ရွက် နေချိန်မှာ ဒေသခံပြည်သူတွေအပေါ်မှာ အားလုံးမှာ တာ၀န်၇ှိပြီး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင် ရွက် ကြမှသာ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ရရှိမှာ ဖြစ်ပါတယ်၊ ဒါကြောင့် AA အဖွဲ ့ရဲ့ ဥပဒေမဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတော်က လက်တွေ ့ဆောင်ရွက်ချက်၊ အနာဂတ် ဦးတည်မျေျှာ်မှန်း ချက် တွေ အပါအ၀င် နိုင်ငံသူ နိုင်ငံသားများ အပါအ၀င် ဘယ်အဖွဲ ့အစည်းကိုမှ ကောင်းကျိုး မပြုတဲ့အတွက် ကျျွန်တော့်ရဲ့ အရေးကြီး အဆိုကို လွှတ်တော်က အတည်ပြုပေးဖို ့ လေးစားစွာ တင်ပြအပ်ပါတယ်”  ဟု ကိုယ်စားလှယ်များ ဆွေးနွေးအပြီး ပြောကြားခဲ့သည်။ထို ့နောက် လွှတ်တော်က ဆန္ဒမဲ ရယူခဲ့ရာ ထောက်ခံမဲ ၃၇၆ မဲ၊ ကန် ့ကွက် ခုနစ်မဲ၊ ကြားနေ သုံးမဲ ရရှိပြီး အဆိုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။(Xinhua)