Connect with us

Politics, Law & Military

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အာရှ-ပစိဖိတ် ထိပ်သီး အစည်းအဝေး တက်ရောက်မည်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

ဒုတိယသမ္မတ နှင့်အတူ အဖွဲ့ဝင်အဖြစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွား ကြပြီး ဒုတိယသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံး တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။(Xinhua)