Connect with us

Politics, Law & Military

ကရင် ပြည်နယ် မြဝတီ မြို့နယ်၌ ကျပ် ၂၄,၈၀၀ သိန်း တန်ဖိုးရှိ ICE ၃၁ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီး ရမိခဲ့သော ICE များအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ကရင် ပြည်နယ် ၊ မြဝတီ မြို့နယ်၌ ဒေသကာလပေါက်စျေး ငွေကျပ် ၂၄,၈၀၀ သိန်း တန်ဖိုးရှိ ICE ၃၁ ကီလိုဂရမ်ကို မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃၂)မြဝတီမှ နိုဝင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟို ကော်မတီ  (CCDAC) က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃၂)မြဝတီမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု၊ သင်္ဃန်း ညီနောင် ရွာသစ်နေ တန်ဂျီးအား ဆက်သွယ်ခဲ့ရာမှ ၎င်းက မူးယစ်ဆေးဝါးများ သိမ်းဆည်းထားသည့် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်နေ လူမော်၏နေအိမ်အား လိုက်လံ ပြသခဲ့ရာမှ အချင်းဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပူးပေါင်းအဖွဲ့က လူမော်နေအိမ်ကို ဝင်ရောက်ရှာဖွေရာတွင် ၎င်းအား မတွေ့ရှိသော်လည်း နေအိမ် အိပ်ခန်းကြမ်းပြင်ပေါ်ရှိ လက်ဆွဲခြင်းနှစ်လုံးအတွင်း ဆာလာအိတ်များဖြင့်ထည့်ထားသည့် ICE အလေးချိန် ၃၁ ကီလို (ဒေသ ကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၄၈၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား မြဝတီမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်တရားခံဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.