Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒုတိယ အကြိမ် ပြင်ဆင်မှု ဆွေးနွေမှု တတိယနေ့ ဆက်လက် ကျင်းပ

ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈) အား ဒုတိယ အကြိမ် ပြင်ဆင်မှုအပေါ် ဖေဖော်ဝါရီ ၂၅ ရက် တွင် စတင် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ တတိယနေ့အဖြစ် လွှတ် တော် ကိုယ်စားလှယ် ၂၉ ဦးတို့က ဆက်လက် ဆွေးနွေး ခဲ့ကြသည်။

မူလ လျာထားချက်အရ တတိယနေ့တွင် ဆွေးနွေးမည့် ကိုယ်စားလှယ် ၃၀ ဦးရှိသော်လည်း တစ်ဦးက ဆွေးနွေးမည့်အစီအစဉ်မှ နုတ်ထွက်သွားသဖြင့် ၂၉ ဦးသာ ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။ အခြေခံ ဥပဒေ ဒုတိယ အကြိမ် ပြင်ဆင်မူအတွက် ပါဝင်ဆွေးနွေးကြမည့် လွှတ်တော် ကိုယ်စားလှယ် ၁၄၉ ဦးအနက် ယနေ့ တတိယမြောက်နေ့အထိ  လွှတ်တော်ကိုယ်စားလှယ် ပေါင်းမှာ ၆၄ ဦး ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း နှင့် ပြည်ထောင်စု လွှတ်တော်၏ မူလ လျာထားချက်အရ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှု များသည် မတ်လ (၅)ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117