Connect with us

Politics, Law & Military

တပ်မတော် မိသားစုများ မဲပေးရာ၌ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်ရှိသူများကို ရွေးချယ်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြံပြု


ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် တပ်မတော်သား မိသားစုများအနေ ဖြင့်လည်း မဲဆန္ဒပေး ရွေးချယ်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်လေးမြင်ရှိသူကို စဉ်းစား ရွေးချယ်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြံပြု ပြောကြားသည်။

နိုင်ငံနှင့် ဒေသကို အကျိုးပြုမည့်သူ၊ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့် ရှောက်နိုင်သူ၊ တပ်မတော်အပေါ် စာနာ နားလည်မှု ရှိသူ၊ အမျိုးဘာသာ သာသနာကို မှန်မှန်ကန်ကန် နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပ အဖွဲ့အစည်း၊ နိုင်ငံခြားသားများ၏ တစ်နည်းနည်းအားဖြင့် လွှမ်းမိုးမှု မရှိသူများကို စဉ်းစား ရွေးချယ်ရန်လည်း အကြုံပြု ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရာရှိ၊ စစ်သည်များအား နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရှိ သင်တန်းခန်းမ ၌ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-မြဝတီ)

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရှိ သင်တန်းခန်းမ၌ အရာရှိ၊ စစ်သည်များအား အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ သုံးခု အနေဖြင့်လည်း အုပ်ချုပ်ရေးပိုင်း အတွက် သမ္မတကို ရွေးချယ် ပေးရကြောင်း၊ သမ္မတက ဦးဆောင် ဖွဲ့စည်းသည့် အစိုးရမှ လုပ်ကိုင်နိုင်ရန် စီမံခန့်ခွဲမှု လိုအပ်ချက်များကို ဥပဒေ ပြဋ္ဌာန်း၍ ဝိုင်းဝန်း ထိန်းကျောင်း ပေးရကြောင်း၊ သို့ဖြစ်၍ ပြည်သူ့ ကိုယ်စားလှယ်များအား လူရွေး မမှားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံး/ဌာနများနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်များ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားများ၊ စုစုပေါင်း ၇၁၄ ဦး တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.