Connect with us

Politics, Law & Military

တရားမျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ဖွဲ့ ပူးပေါင်း ဆောင်ရွက်မည်

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး မိန့်ခွန်းပြောကြား နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တွေ့ဆုံစဉ် လိုက်ပါခဲ့သော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) မှ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။ယနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး နှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့ တို့သည် ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“ တိုင်းရင်းသား တွေဘက်က ရွေးကောက်ပွဲ ကို လွတ်လပ် ပြီးတရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ပေးဖို့ ပြောတယ်၊ ဝိုင်းပြီး ဘယ်လိုကူညီ မလဲဆိုတာ ဆွေးနွေးတယ်၊ အဓိကတော့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကကော်မတီ/ ရှမ်းပြည် တမ်မတော် (တောင်ပိုင်း) (RCSS/SSA-S )ထိန်းချုပ် နယ်မြေတွင်း မဲဆန္ဒနယ် အများကြီး ရှိတယ်၊ သူတို့ နယ်မြေထဲ က ၁၆မြို့နယ် မဲဆွယ် ခွင့်တားမြစ်တာ နဲ့ ပတ်သက် ပြီး ဆွေးနွေးခဲ့တယ်၊ တစ်ဖက် နဲ့ တစ်ဖက်ပိုပြီး ယုံကြည်မှုရ သွားကြတယ်” ဟု ဦးလှမောင်ရွှေ က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များသည် ရွေးကောက်ပွဲတွင် လက်နက်ဖြင့် တစ်ဖက်ဖက်မှ ပါဝင်ခြင်း မပြုလုပ်ဘဲ ကြားနေပြီး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့ များဘက်က ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး နှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့ တို့တွေ့ဆုံ ဆွေးနွေးစဉ် (ဆင်ဟွာ)

အဆိုပါ တွေ့ဆုံရာတွင် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုကို ကော်မရှင်အနေဖြင့် ကြိုဆိုကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောကြားခဲ့သည်။

“တိုင်းရင်းသား လက်နက်ကိုင် တွေကို မတရား အသင်း ကနေ ပယ်ဖျက်ပြီးသွားပြီ၊ တိုင်းရင်းသား လက်နက်ကိုင် တွေက ရွေးကောက်ပွဲ မှာ တစ်ဖက်ဖက် ကနေ မပါပဲ ကြားကနေ ကူညီမယ်ဆိုတော့ ပိုကောင်းတာပေါ့” ဟု ၎င်း ကပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၅ မြို့နယ်တွင်သာ ရွေးကောက်ပွဲ ကျင်းပ နိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။ (Xinhua)