Connect with us

Politics, Law & Military

ရွေးကောက်ပွဲ မဲရုံ တစ်ရုံလျှင် အထူးရဲ တစ်ဦးနှုန်းဖြင့် တစ်နိုင်ငံလုံး လုံခြုံရေး ဆောင်ရွက်မည့် အထူးရဲ လေးသောင်းကျော်ရှိ

ရွေးကောက်ပွဲ လုံခြုံရေး ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ ဝင်များ လေ့ကျင့်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

ယခုကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေများအတွင်းရှိ မဲရုံအသီးသီး၌ လုံခြုံရေး တာဝန်ဆောင်ရွက်မည့် အထူးရဲများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေအတွက် လေးသောင်းကျော် ခန့်အပ်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လုံခြုံရေး တာဝန် ဆောင်ရွက်မည့် အထူးရဲ စုစုပေါင်း ၅၄၉၅ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ရွေးကောက်ပွဲ မဲရုံ လုံခြုံရေး ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်များကို ယခု အောက်တိုဘာ ၂၀ ရက်မှ စတင်၍ ၃၁ ရက်အထိ ဆောင်ရွက်ရမည့်လုံခြုံရေး တာဝန်များအား လက်တွေ့ သရုပ်ပြ သင်ကြားမှုများနှင့်အတူ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးစံနှုန်းများနှင့် ကြေညာစာတမ်းများစသည့် သိမှတ်ဖွယ်ရာများကိုလည်း သင်ကြားပို့ချ ပေးလျှက် ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ လုံခြုံရေး ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား တွေ့မြင်ရစဉ်(ဆင်ဟွာ)

မဲရုံအသီးသီး၌ လုံခြုံရေး တာဝန်ဆောင်ရွက်မည့် အထူးရဲများကို အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ရက်ပေါင်း ၃၀ (၁လ)ခန့်ထားမည် ဖြစ်ပြီး လစာခံစားခွင့်မှာ တစ်ဦးလျှင် ကျပ် တစ်သိန်းခွဲ သတ်မှတ်ထားပြီး ရွေးကောက်ပွဲ ကျင်းပရာတွင် မဲရုံတစ်ရုံလျှင် အထူးရဲ တစ်ယောက်နှုန်းဖြင့် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုအထူးရဲတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးသာ အဓိကထား စောင့်ကြည့် သတင်းပို့ဆောင်ရွက်ရမည် ဖြစ်ပြီး မဲရုံအတွင်းသို့မဲရုံမှုး၏ ခွင့်ပြုချက် ရရှိမှသာ ဝင်ရောက်ရမည် ဖြစ်ပြီး အထူးရဲတပ်ဖွဲ့ဝင်သည် မဲရုံ ပရိဝုဏ် အတွင်း၌သာ စောင့်ကြပ်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုအထူး ရဲအဖြစ် ရွေးချယ် ခန့်အပ်ရာတွင် သတ်မှတ် စည်းကမ်းချက်များဖြစ်သည့် မြန်မာနိုင်ငံသား ၊ အခြေခံပညာ အလယ်တန်း အဆင့် အောင်မြင်ပြီးသူ အသက် ၁၈ နှစ်အောက် မငယ်သူနှင့် ၆၀ နှစ်ထက် မကြီးသူများကို ရပ်ကွက် အုပ်ချုပ်ရေးမှုး ၊ တိုင်းဒေသကြီး ၊ ခရိုင် ၊ မြို့နယ် အဆင့်ဆင့် စိစစ် ရွေးချယ်ထားကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117