Connect with us

Politics, Law & Military

ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး ကျင်းပရန် ရက်ရွှေ့ပြောင်း

ပထမ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကျင်းပနေပုံကို တွေ့ရစဉ် (ဓာတ်ပုံ- Global New Light of Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေးအား မူလက ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူခဲ့ရာမှ ယခုအခါ ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ပြောင်းလဲ ပြင်ဆင် ကြေညာလိုက်သည်။

ထိုကဲ့သို့ရက်ရွှေ့ပြောင်း ခေါ်ယူရခြင်းသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော်တို့၏ ပထမပုံမှန် အစည်းအဝေး စတင်ကျင်းပမှုများကို အထူးလေ့လာသူအဖြစ် တက်ရောက်နိုင်ပါရန် ဒုတိယအကြိမ် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် များအတွက် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များအား တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် ၊ နိုင်ငံရေး ပါတီအလိုက် အင်အား သတ်မှတ် ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာ အဖွဲ့မှ အကြောင်းကြား လာသည့်အတွက် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွက် ရွေးချယ် တင်မြှောက်ခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ၈ ရက်သို့ပြောင်းလဲ ပြင်ဆင် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးများအပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးများသို့ ဒုတိယအကြိမ် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်များအတွက် ရွေးကောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များမှ ရှမ်းပြည်နယ်မှ ၁၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၆ ဦး၊ ရခိုင်ပြည်နယ်မှ ၆ ဦး၊ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ၅ ဦးစီဖြင့် စုစုပေါင်း ၈ဝ ဦးအား အထူးလေ့လာသူ အဖြစ် တက်ရောက်ရန် စီစဉ်ထားရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.