Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အနှေးယာဉ်မောင်း သမား ၂၀၀ ခန့်နှင့် တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနှေးယာဉ် လုပ်သား ဆိုက်ကား ဆရာကြီးများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-NLD Chairperson Facebook)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အနှေး ယာဉ်မောင်းသမားများနှင့် ယနေ့ တွေ့ဆုံခဲ့သည်။

“ကိုယ့်အတွက် ဘာပြန်ရမလဲ ဆိုတာကို မတွေးပဲ တိုင်းပြည်အတွက်ဆိုတာပဲ စဉ်းစားပြီး ပါဝင်ခဲ့တဲ့ ဆိုက်ကား ဆရာကြီးများဟာ နေရာလိုချင်လို့ပါဝင်ခဲ့တဲ့ အချို့သော အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေထက် သာပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံစဉ် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ၏ အဆိုပါတွေ့ဆုံပွဲသို့ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး အဖွဲ့ချုပ် နာယက ဦးတင်ဦးက အဖွင့် အမှာစကား ပြောကြား ခဲ့ကာ အဖွဲ့ချုပ် ဥက္ကဋ္ဌမှ ဆိုက်ကား ဆရာများ၏ လုပ်ဆောင်မှုများကို ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်း တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆိုက်ကား ဆရာကြီးများ အနက် တစ်မြို့နယ်လျှင် ၅ ဦးစီ မဲနှိုက်ကာ အနှေးယာဉ်မောင်းသမား စုစုပေါင်း (၂၀၀) ခန့် တက်ရောက် ခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.