Politics, Law & Military
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ သွားမည်
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ မကြာမီကာလအတွင်း သွားရောက်မည်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နရန်ဒရာမိုဒီ ၏ ဖိတ်ကြားချက်အရ ၎င်း၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)